သတင်းတို

မြန်မာ့အရေး အာဆီယံ ဝင်မစွက်ဟု အင်ဒိုနီးရှား ပြော

Want create site? Find Free WordPress Themes and plugins.

မြန်မာနိုင်ငံတွင်း ဖြစ်ပွားနေသော ပဋိပက္ခတွင် အရှေ့တောင်အာရှနိုင်ငံမျာအသင်း အာဆီယံသည် ဝင်ရောက်စွက်ဖက်မည်မဟုတ်ဟု အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးဌာနက ပြောကြောင်း ဂျကာတာမှ လာသော သတင်းများအရ သိရသည်။

“ကျနော်တို့အသင်းဝင်နိုင်ငံတွေ အထူးသဖြင့် အင်ဒိုနီးရှားနိုင်ငံဟာ မြန်မာနိုင်ငံ ဒီမိုကရေစီစနစ်ရဲ့ ပြန်လည်သင့်မြတ်ရေး လုပ်ငန်းစဉ်နဲ့ အားလုံး အကျုံးဝင်တဲ့ တိုးတက်မှုဖြစ်စဉ်ကို ဆက်လက်ပံ့ပိုးကူညီသွားမှာ ဖြစ်ပါတယ်” ဟု အင်ဒိုနီးရှားနိုင်ငံခြားရေး ဝန်ကြီးဌာနပြောခွင့်ရသူ Armanatha Nasir က ပြောကြောင်း အင်ဒိုနီးရှား သတင်းဌာနတခုဖြစ်သော Tempo က ရေးသားသည်။

အာဆီယံနိုင်ငံများသည် တနိုင်ငံ၏ပြည်တွင်းရေးကို အခြားတနိုင်ငံက ဝင်ရောက်မစွက်ဖက်ရေးမူကို ချမှတ်ထားသော်လည်း အဖွဲ့ဝင်နိုင်ငံများတွင် တဦးနှင့်တဦး ကူညီရန် စနစ်တခု ထူထောင်ထားသည်ဟုလည်း ယမန်နေ့က ကျင်းပသော အာဆီယံချီတက်ပွဲ ASEAN Parade အပြီးတွင် Armanatha က Tempo ကို ပြောကြားထားသည်။

“ကျနော်တို့ အာဆီယံဟာ ဒီမိုကရေစီ ကူးပြောင်းမှုဖြစ်စဉ်မှာ မြန်မာနိုင်ငံကို ထောက်ခံအားပေးတယ်။ ဒါဟာ လုပ်ငန်းစဉ်တခုပါပဲ” ဟုလည်း သူက ပြောသည်။ အဖွဲ့ဝင်နိုင်ငံများသည် အပြစ်တင် လက်ညိုးမထိုးကြဘဲ အတူတကွ ပူးပေါင်းဆောင်ရွက်မည်ဟုလည်း ပြောသည်။

ယခုကဲ့သို့ ပြောဆိုချက်သည် သောကြာနေ့က စ၍ ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သော အကြမ်းမ်းဖက်မှုများတွင် တာဝန်ရှိသော Arakan Rohingya Salvation Army အား အစိုးရက အကြမ်းဖက်အဖွဲ့ ဖြစ်ကြောင်း ကြေညာချိန်နှင့်လည်း တိုက်ဆိုင်နေသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading