သတင်းတို

အကြမ်းဖက်မှုကို ပူးတွဲတိုက်ခိုက်ဖို့ မြန်မာကို ဘင်္ဂလားဒေ့ရှ် ကမ်းလှမ်း

ဘင်္ဂလားဒေ့ရှ်က အကြမ်းဖက်မှုတိုက်ဖျက်ရေးနဲ့ ပတ်သက်ပြီး အတူတကွ လက်တွဲလုပ်ဆောင်ရန် မြန်မာကို ကမ်းလှမ်းလိုက်ကြောင်း ဘင်္ဂလားဒေ့ရှ် Dhaka Tribune သတင်းကဆိုပါတယ်။

ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးက မြန်မာသံအမတ်ကြီး ဦးအောင်မြင့်နှင့် မနေ့က တွေ့ဆုံကာ ကမ်းလှမ်းမှုပြုလုပ်လိုက်ခြင်းဖြစ်တယ်လို့ သိရပါတယ်။

အမည်မဖော်လိုသည့် ဘင်္ဂလားဒေ့ရှ်အရာရှိ တဦး ပြောဆိုချက်အရ “ မြန်မာရဲ့ လုံခြုံရေးအရ စိုးရိမ်နေ မှုကို ကျနော်တို့ ကူညီဖို့ စိတ်ဝင်စားကြောင်း ပြခဲ့တယ်”လို့ သိရပါတယ်။

သံအမတ်ကြီးသို့ ပေးပို့တဲ့စာထဲမှာ ဘင်္ဂလားဒေ့ရှ်က မြန်မာနယ်စပ်တလျှောက်မှာ ပူးတွဲစစ်ဆင် ရေးတွေ ပြုလုပ်ဖို့ ကမ်းလှမ်းခဲ့တာဖြစ်တယ်လို့သိရပါတယ်။

လတ်တလောမှာ ရခိုင်ပြည်နယ် မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင် စတဲ့ဒေသတွေမှာ ဘင်္ဂလီ အစွန်းရောက် အကြမ်းဖက်သမားများက ရဲစခန်းနှင့် ရဲကင်းများ ကျေးရွာများကို တိုက်ခိုက်မှု ကြောင့် လူအများသေဆုံးခဲ့တဲ့အတွက် နိုင်ငံတကာက ရှုံချခဲ့သလို မြန်မာအစိုးရကလည်း ၎င်းတို့ကို အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်ခဲ့ပါတယ်။

Loading