သတင်းတို

ရခိုင်မြောက်ပိုင်းအရေး ကုလလုံခြုံရေးကောင်စီ၌ ဆွေးနွေးရန် ဗြိတိန်တောင်းဆို

Want create site? Find Free WordPress Themes and plugins.

ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ အကြမ်းဖက်မှုများ တိုးပွားလာသည့်အတွက် ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ ဆွေးနွေးဖို့ ဗြိတိန်နိုင်ငံကမနေ့က ပြောဆိုလိုက်ပါတယ်။

လက်ရှိ ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ဖြစ်ပွားနေတဲ့ ဘင်္ဂလီ အကြမ်းဖက်သမားတွေနဲ့ မြန်မာ့လုံခြုံရေးတပ် များအကြား ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေနဲ့ ပတ်သက်ပြီး ဆွေးနွေးဖို့ ကုလသမဂ္ဂ ဆိုင်ရာ ဗြိတိန်သံအမတ်ကြီး မက်သရူး ရိုင်း ခရော့ဖ်က တောင်းဆိုလိုက်တာဖြစ်ပါတယ်။

ရခိုင်ပြည်နယ်က အချိန်ကြာမြင့်စွာဖြစ်နေတဲ့ ပြဿနာကို ဆွေးနွေးဖို့ လိုတယ်ဆိုတာကို တိုက်တွန်း ကြောင်း ရိုင်းခရော့ဖ်က လူမှုကွန်ရက် Twitter မှာ ရေးသားထားတာဖြစ်ပါတယ်။

အဆိုပါ အရေးပေါ် အစည်းအဝေးကို ယနေ့ကျင်းပဖို့ ပြောဆိုနေပါတယ်။

ပြီးခဲ့တဲ့ ၂၅ရက်နေ့က ရခိုင်ပြည်နယ် မောင်တော၊ ဘူးသီးတောင်နဲ့ ရသေ့တောင်မြို့နယ်တွေက ရဲစခန်းနဲ့ ရဲကင်း ၃၀ခန့်ကို ဘင်္ဂလီအကြမ်းဖက်သမားတွေက ဝင်ရောက်တိုက်ခိုက်ခဲ့တဲ့အတွက် ရဲတပ်ဖွဲ့ဝင်များ၊ ဝန်ထမ်းများ၊ စစ်သားများ ၁၀ခန့်ကျဆုံးခဲ့ရသလို၊ အကြမ်းဖက်သမား ၇၇ဦး သေဆုံးခဲ့ပါတယ်။

ယခုတိုင်လည်း ဒေသခံ တိုင်းရင်းသားများကို အကြမ်းဖက်သမားများက သတ်ဖြတ်မှုများပြုလုပ်နေပြီး၊ ကျေးရွာများရှိ အိမ်များကို မီးရှို့ကြောင်း နိုင်ငံတော် သတင်းထုတ်ပြန်ရေး ကော်မတီက ထုတ်ပြန်ပါတယ်။

Did you find apk for android? You can find new Free Android Games and apps.
Loading