ဗြိတိန် အမျိုးသားရာဇဝတ်မှု တိုက်ဖျက်ရေးဌာနသည် ဥပဒေ ချိုးဖောက်ကာ ထိုင်းရဲတပ်ဖွဲ့သို့ လိပ်ကျွန်းလူသတ်မှုနှင့် ပတ်သက်သော အချက်အလက်များထောက်ပံ့ခဲ့ကြောင်း လန်ဒန်မြို့ ရှိ တရားရုံးချုပ်က ရှာဖွေတွေ့ရှိခဲ့တယ် လို့ Bangkok Post သတင်းကဆိုပါတယ်။
The Guardian သတင်းစာကြီးရဲ့ အဆိုအရတော့ ဗြိတိန်ရဲတပ်ဖွဲ့ အနေနဲ့ သေဆုံးသူ ဒေးဗစ် မေလာရဲ့ ဖုန်းမှ အချက်အလက်များကို ထိုင်းစုံစမ်းစစ်ဆေးရေးအဖွဲ့အား ပေးအပ်ခဲ့တဲ့အတွက် သံသယ ရှိခံရသူ မြန်မာ ၂ဦးအား တရားစွဲဆိုရေးမှာ အထောက်အကူဖြစ်စေခဲ့တယ်လို့ ဆိုပါတယ်။
၂၀၁၄ ခုနှစ်က လိပ်ကျွန်းလို့ခေါ်တဲ့ ကော့တောင်ကျွန်းမှာ ဗြိတိန်နိုင်ငံသား ၂ဦးဖြစ်တဲ့ အသက် ၂၄နှစ် အရွယ်ရှိ ဒေးဗစ်မေလာနဲ့ ၂၃နှစ်အရွယ်ရှိ ဟန်နာ ဝစ်သာရစ်ဂျ်တို့ စုံတွဲကို သတ်ဖြတ်မှုဖြင့် မြန်မာနိုင်ငံ သား ဇော်လင်းနှင့် ဝင်းဇော်ထွန်းကို ဖမ်းဆီးကာ သေဒဏ်ချမှတ်ခဲ့သည့်အတွက် ထိုင်းနိုင်ငံ၏ အဆင့်မြင့်ဆုံးတရားရုံးချုပ်သို့ အယူခံလွှာတင်သွင်းထားပါတယ်။