သတင်းတို

H1N1 ပိုးရှိသူလူနာများ ထပ်မံတွေ့ရှိ

Want create site? Find Free WordPress Themes and plugins.

မြန်မာနိုင်ငံအတွင်း ပြည်နယ်နှင့်တိုင်း အားလုံးနီးပါး ပြန့်နှံ့ဖြစ်ပွားနေသည့် ရာသီတုပ်ကွေး H1N1 မှာ ၅ ရက်အတွင်း ပိုးတွေ့လူနာ ၂၀ ဦး ထပ်မံတွေ့ရှိကြောင်း နေပြည်တော် ပြည်သူ့ ကျန်းမာရေး ဦးစီးဌာ ထံမှ သိရသည်။

သို့သော်လည်း သြဂုတ်လ ၂၈ ရက်နေ့မှ စက်တင်ဘာ ၁ ရက်နေ့ အထိ H1N1 ကြောင့်သေဆုံးသူ ထပ်မံ မတွေ့ရှိတော့ဟု ဆိုသည်။ ယခုနှစ် ဇူလိုင်လ ၂၁ ရက်နေ့မှ သြဂုတ်လ ၂၇ ရက်နေ့အထိ H1N1 ကြောင့် သေဆုံးသူ စုစုပေါင်း ၃၅ ဦးရှိခဲ့သည်။

“သေဆုံးက ထပ်မတိုးဘူး။ သတင်းကတော့ နေ့တိုင်း အသေအပျောက်လည်း မရှိတော့ဘူးဆိုတော့ ဖြစ်တဲ့သူကလည်း နည်းတဲ့ အတွက်ကြောင့်မို့လို့ သတင်းကတော့ ခြားပြီးထုတ်တဲ့ သဘောပါ” ဟု ပြည်သူ့ ကျန်းမာရေးဦးစီးဌာမှ တာဝန်ရှိသူတစ်ဦး က ဧရာဝတီသို့ ပြောသည်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ စာရင်းများအရ ဇူလိုင်လ၂၁ ရက်နေ့မှ စက်တင်ဘာလ ၁ ရက်နေ့ နေ့လည် ၂ နာရီအထိ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် လတ်တလောပြင်းထန် အသက်ရှူလမ်းကြောင်း ပိုးဝင် ရောဂါလူနာ ၁၀၁၆ ဦး၊ ရာသီတုပ်ကွေး (H1N1) လူနာ စုစုပေါင်း ၃၆၃ ဦးနှင့် သေဆုံးသူ ၃၅ ဦးအထိ ရှိပြီးဖြစ်ကြောင်း သိရသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading