သတင်းတို
၆.၃ မဂ္ဂနီကျု့ရှိ တုန်ခါမှုဖြစ်၊ မြောက်ကိုရီးယား နျူ စမ်းသပ်မှုဟု ယူဆ
မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်း နျူကလီးယား လက်နက်ထုတ်လုပ်ရေးသို့ သွားရောက်စစ်ဆေးစဉ် / Russia news
ပြင်းအား ၆.၃ မဂ္ဂနီကျု့ရှိ တုန်ခါမှုတခု မြောက်ကိုရီး နျူကလီးယား စမ်းသပ်သည့်နေရာ Punggye-ri အနီးတွင် လှုပ်ခတ်သွားကြောင်း သတင်းများကိုဆိုပါတယ်။
အဆိုပါ တုန်ခါမှုဟာ မြောက်ကိုရီးယားရဲ့ နျူကလီးယား စမ်းသပ်မှုဖြစ်ကောင်းဖြစ်နိုင်ကြောင်း ထို့အတွက် စောင့်ကြည့်မှုတွေ ပြုလုပ်နေတယ်လို့ တောင်ကိုရီးယား ပူးတွဲစစ်ဦးစီးချုပ်ရဲ့ ပြောဆိုမှုကို ကိုးကားကာ ယွန်ဟပ်သတင်း ပြောပါတယ်။
အမေရိကန်ဘူမိဗေဒ တိုင်းတာရေးအဖွဲ့နဲ့ တရုတ် မြေငလျင်တိုင်းတာရေး ရုံးကလည်း မြောက်ကိုရီးယားရဲ့ အရှေ့မြောက်ဒေသမှာ ပြင်းအား ၆.၃ မဂ္ဂနီကျု့ရှိ တုန်ခါမှုတခုဖြစ်သွားကြောင်း၊ သူတို့အနေနဲ့တော့ သံသယဖြစ်ဖွယ် ပေါက်ကွဲမှုလို့ ယူဆကြောင်း Reuters သတင်းကဆိုပါတယ်။