မြန်မာနိုင်ငံမှာ ရောက်ရှိနေတဲ့ အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး H.E Ms. Retno L.P Marsudi ဟာ ရခိုင်မြောက်ပိုင်း အကြမ်းဖက်တိုက်ခိုက်ခံရပြီးနောက် လက်ရှိဖြစ်ပေါ်နေသည့် အခြေအနေများနှင့် ပတ်သက်၍ ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ဇေယျာသီရိ ဗိမ္မန်တွင် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တွေ့ဆုံကာ ဆွေးနွေးကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ရုံးက သတင်းထုတ်ပြန်သည်။
တွေ့ဆုံရာတွင် သြဂုတ်လ ၂၅ ရက်နေ့မှ စတင်ဖြစ်ပွားခဲ့သည့် ARSA အစွန်းရောက် ဘင်္ဂါလီအကြမ်း ဖက်မှု ဖြစ်စဉ်များကိုဆွေးနွေးပြီးနောက် ရခိုင်ပြည်နယ်အရေးကိစ္စတွင် လူသားချင်းစာနာ ထောက်ထား မှု အကူအညီပေးရေး ကိစ္စရပ်များအား အပြန်အလှန် ဆွေးနွေးခဲ့ကြကြောင်းလည်း
ဆိုသည်။
ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် ဘင်္ဂလီအကြမ်းဖက်သူများက လူစုလူဝေးဖြင့် ရခိုင်တိုင်းရင်းသားများ၏ နေအိမ်များကို မီးရှို့ကာ သတ်ဖြတ်မှုများ ပြုလုပ်ခဲ့သည့်အတွက် ဌာနတိုင်းရင်းသားများ ထွက်ပြေးခဲ့ရ သလို၊ ဘင်္ဂလီများလည်း ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးကြောင်း သိရသည်။
တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က ရခိုင်အရေးနှင့် ပတ်သက်၍ ၁၉၄၂ ခုနှစ်က ရခိုင်တိုင်းရင်းသား အများအပြား သတ်ဖြတ်ခံခဲ့ရသည့် အလယ်သံကျော်ဖြစ်စဉ်ကဲ့သို့ ဒေသခံ တိုင်းရင်းသားများအား တိုက်ခိုက်သတ်ဖြတ်မောင်းထုတ်ရကာ နယ်မြေများ ဆုံးရှုံးမှုမျိုး ထပ်မံအဖြစ်မခံနိုင်ဟုမကြာသေးမီက ပြောဆိုခဲ့သည်