မက္ကဆီကို အနောက်တောင်ဘက် ၇၆မိုင်ခန့်အကွာကို ဗဟိုပြုကာ လှုပ်ခတ်သွားသည့် ပြင်းအား ၈ မဂ္ဂနီကျု့ရှိ ငလျင်ကြောင့် နိုင်ငံ ၈နိုင်ငံအား ဆူနာမီသတိပေးချက် ထုတ်ပြန်လိုက်ကြောင်း အမေရိကန် ဘူမိတိုင်းတာရေး အဖွဲ့ အဆိုအရသိရသည်။
ငလျင်ဗဟိုချက်သည် မက္ကဆီကိုနိုင်ငံ ပီဂျီဂျီယာပန် မြို့ အနောက်တောင်ဘက် ၇၆ မိုင်အကွာ အနက် ၂၁ မိုင်မှာ လှုပ်ခတ်ခဲ့ခြင်းဖြစ်ပြီး၊ ဂွာတီမာလာ နယ်စပ်နဲ့ ဝေးကွာခြင်းမရှိဘူးလို့ သိရပါတယ်။
ဆူနာမိသတိပေးချက် ထုတ်ပြန်ခြင်းခံရတဲ့ နိုင်ငံများမှာ အီကွေဒို၊ နီကာရာဂွာ၊ ပနားမား၊ ဂွာတီမလာ၊ ဟွန်ဒူးရပ်စ်၊ မက္ကဆီကို၊ အယ်ဆာဗေဒိုးနဲ့ ကော့စတာရီကာ နိုင်ငံတို့ဖြစ်ပါတယ်