ပါကစ္စတန်နိုင်ငံ မြို့တော်အစ္စလာမ်မာဘတ်ရှိ မြန်မာသံရုံးအား တိုက်ခိုက်မည်ဆိုသည့် ခြိမ်းခြောက်မှုများ ရှိနေသဖြင့် လုံခြုံရေးတင်းကျပ်ထားကြောင်း တီဟီရန်အခြေစိုက် IRNA သတင်းကဆိုပါတယ်။
ရခိုင်မြောက်ပိုင်း ပဋိပက္ခနှင့် ပတ်သက်၍ ဆန္ဒပြရန်အတွက် ဘာသာရေးအဖွဲ့များ၊ နိုင်ငံရေးပါတီများ၊ ကျောင်းသားများနှင့် တခြားသောသူများက လူစုလူဝေးဖြင့် ဆန္ဒပြရန် ပြုလုပ်နေရာ နိုင်ငံခြား သံတမန်များ အခြေစိုက်ရာ သံတမန်ရပ်ကွက်သို့ ၎င်းတို့ ဝင်ရောက်ကာ အကြမ်းဖက်ကို စိုးရိမ်သည့်အတွက် တားဆီးသည့် အနေဖြင့် ကွန်တိန်နာများ ချထားကာ ဝင်ရောက်မှုကို တားမြစ်ထားကြောင်းဆိုပါတယ်။
အလားတူ ပါကစ္စတန်ရဲအဖွဲ့ကလည်း တပ်သားပေါင်း ၇၅၀၀ ကိုချထားလိုက်ပြီး၊ ဂျမတ် အီ အစ္စလမ်မီ ကဲ့သို့သော် အကြမ်းဖက်အဖွဲ့အစည်းများက ဦးဆောင်လာနိုင်တယ်လို့ ဆိုပါတယ်။
အစ္စလာမ်မာဘတ်မြို့ ယဉ်ထိန်းရဲတပ်ဖွဲကလည်း လမ်းပိတ်ဆို့မှုများ ဖြစ်ပွားလာမည်ကို စိုးရိမ်သဖြင့် အများပြည်သူ သွားလာနိုင်မည့်လမ်းကြောင်းကို ထုတ်ပြန်ခဲ့ပါတယ်။
အစွန်းရောက် အကြမ်းဖက်အဖွဲ့ ဂျမတ် အီ အစ္စလာမ် အကြီးအကဲက မြန်မာသံအမတ်ကို ၂၄နာရီအတွင်း နှင်ထုတ်ဖို့ ပါကစ္စတန်အစိုးရကို မနေ့က ရာဇသံပေးထားပါတယ်။
ပြည်ထဲရေးဝန်ကြီး Ahsan Iqbal ကလည်း ဆန္ဒပြသူများအနေဖြင့် အေးချမ်းစွာ ဆန္ဒပြဖို့၊ သံတမန်ရပ်ကွက် ကို လေးစားဖို့ တိုက်တွန်းနေပါတယ်။
သြဂုတ်လ ၂၅ရက်နေ့က ရခိုင်ပြည်နယ် ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင် စတဲ့မြို့နယ်တွေက ရဲကင်းတွေနဲ့ ရဲစခန်းကို ARSA အကြမ်းဖက်အဖွဲ့က တိုက်ခိုက်ခဲ့သလို၊ လူစုလူဝေးနဲ့လည်း ဒေသခံ ဌာနေ တိုင်းရင်းသားနဲ့ ဟိန္ဒူလူမျိုးများကို တိုက်ခိုက် သတ်ဖြတ်မှုများ ပြုလုပ်ခဲ့ပါတယ်။
အဲဒီအတွက် မြန်မာတပ်မတော် အကြမ်းသမား နှိမ်နင်းရေးနဲ့ နယ်မြေရှင်းလင်းကိုု လုပ်ကိုင်နေရာ မွတ်ဆလင် များ ဘင်္ဂလားဒေ့ရှ်ဘက်ကို ထွက်ပြေးနေပါတယ်။
ဤတိုက်ခိုက်မှု ဖြစ်ရပ်များရဲ့ နောက်ကွယ်မှာ ပါကစ္စတန် ထောက်လှမ်းရေးအဖွဲ့က တာဝန်ရှိသူတဦးလည်း ပါဝင်တယ်လို့ ပြည်တွင်းသတင်းဌာနတခုဖြစ်တဲ့ Mizzima သတင်းကဆိုပါတယ်။
အင်ဒိုနီးရှား နိုင်ငံ ဂျာကာတာမြို့ က မြန်မာသံရုံးကိုလည်း ဆန္ဒပြသူများက မိုလိုတော့ဗ် မီးလောင်ဗုံး နဲ့ ပစ်ခတ်ခဲ့ပါသေးတယ်။