သမ္မတ ဦးထင်ကျော်၏ အူလမ်းကြောင်း၌ Colonic Polyp တွေ့ရှိသဖြင့် ယမန်နေ့က ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ခွဲစိတ်ကုသမှု ခံယူခဲ့ရကြောင်း၊ ခွဲစိတ်ကုသမှုမှာ အောင်မြင်ကြောင်း နိုင်ငံတော် သမ္မတရုံးက သတင်းထုတ်ပြန်သည်။
ပြီးခဲ့သည့် စက်တင်ဘာ ၈ရက်နေ့က လိုအပ်သည့် ကျန်းမာရေး စစ်ဆေးမှုအတွက် ဘန်ကောက်မြို့သို့ သွားရောက် စစ်ဆေးရာ အူလမ်းကြောင်း Colonic Polyp တွေ့ရှိသဖြင့် ယမန်နေ့ စက်တင်ဘာ ၁၀ ရက်နေ့က ခွဲစိတ်ကုသမှု ခံယူခဲ့ခြင်းဖြစ်သည်။
သမ္မတ ဦးထင်ကျော်မှာ ပြီးခဲ့သည့် စက်တင်ဘာ ၆ရက်နေ့က ရခိုင်အရေးကိစ္စများနှင့် တရားဥပဒေစိုး မိုးရေးနှင့် ပတ်သက်၍ သမ္မတအိမ် တော်၌ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ ဒုတိယသမ္မတဦးမြင့်ဆွေနှင့် ဦးဟင်နရီဗန်ထီးယူ၊ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း၊ ပြည်ထောင်စု ဝန်ကြီးဒုတိယဗိုလ်ချုပ်ကြီးကျော်ဆွေ၊ ဒုတိယဗိုလ်ချုပ်ကြီးစိန်ဝင်း၊ ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်၊ ဦးကျော်တင့်ဆွေ၊ ဒေါက်တာဝင်းမြတ်အေး၊ အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ်ဦးသောင်းထွန်းနှင့် ဒုတိယဝန်ကြီးဦးမင်းသူတို့နှင့် အစည်းအဝေးပြုလုပ်ပြီးနောက် ဘန်ကောက်မြို့သို့ သွားရောက်ကာ ဆေးကုသမှုခံယူခဲ့ခြင်းဖြစ်သည်။