သတင်းတို

နိုင်ငံတကာ စစ်သွေးကြွများနှင့် ဆက်စပ်မှုမရှိဟု အကြမ်းဖက်အဖွဲ့ ARSA ငြင်းဆို

Want create site? Find Free WordPress Themes and plugins.

ဟာရာခါ အယ်လ် ယာကင်လို့ ခေါ်တဲ့ ARSA အကြမ်းဖက်အဖွဲ့ က သူတို့အား နိုင်ငံတကာအကြမ်း ဖက်အုပ်စုများနဲ့ အချိတ်အဆက်မှုရှိနေသည်ဆိုသော စွပ်စွဲချက်များနဲ့ ပတ်သက်ပြီး ငြင်းဆိုလိုက် ကြောင်း ဘင်္ဂလားဒေ့ရှ်သတင်းစာ Dakha Tribune သတင်းမှာ ဖော်ပြထားပါတယ်။

သူတို့ကိုယ်သူတို့ ရိုဟင်ဂျာဟု ခေါ်ဆိုနေသည့် ရခိုင်ပြည်နယ် မြောက်ပိုင်းမှ မွတ်ဆလင်များကို ကူညီ ရန် နိုင်ငံတကာ ဂျီဟတ်ဘာသာရေး စစ်ပွဲဝါဒီအုပ်စုဖြစ်သည့် အယ်လ်ကိုင်းဒါးက တောင်းဆိုခဲ့ပြီး ၂ရက် အကြာမှ ARSA က ထိုသို့ ငြင်းဆိုလိုက်ခြင်းဖြစ်ပါတယ်။

နိုင်ငံတကာ ဂျီဟတ်ဘာသာရေးစစ်ပွဲဝါဒီအုုပ်စုဖြစ်သော အယ်လ်ကိုင်ဒါ ကတောင်းဆိုခဲ့ပြီး ၂ ရက် အကြာတွင် ARSA အကြမ်းဖက်အဖွဲ့က ၎င်းတို့သည်နိုင်ငံတကာ အကြမ်းဖက်အုပ်စုများနှင့် အချိတ်အဆက်ရှိသည်ဟူသောစွပ်စွဲချက်များကို ငြင်းပယ်ခဲ့သည်။

ယနေ့ထုတ်ပြန်တဲ့ ကြေညာချက်မှာ ARSA အကြမ်းဖက်အဖွဲ့ ခေါင်းဆောင် အာတာအူလာ အဘူ အမ်မာ ဂျုနိုနီက “ARSA ဟာ အယ်လ်ကိုင်းဒါး၊ အီရတ်နှင့် ဆီရီးယားမှ IS၊ လက်စကာအီတိုင်ဘာ အပါအဝင်မည်သည့် နိုင်ငံတကာ အကြမ်းဖက်အုပ်စုနှင့်မျှ အဆက်အစပ်မရှိကြောင်းနှင့် ထိုအုပ်စုများ ရခိုင်ပြည်နယ်တွင် ပါဝင်ပတ်သက်ခြင်းကို မကြိုဆိုကြောင်း၊ ရှင်းရှင်းလင်းလင်းကြေညာထားရန် လိုသည်ဟု ယူဆကြောင်း” ဖေါ်ပြခဲ့ပါတယ်။

ဒေသတွင်းရှိ နိုင်ငံများအနေဖြင့်လည်း အကြမ်းဖက်သမားများ ရခိုင်ပြည်နယ်သို့ ဝင်ရောက်ပြီး အခြေ အနေ ပိုမိုဆိုးရွားအောင် မပြုလုပ်နိုင်ရေး ကြားဖြတ်တားဆီးပေးဖို့လည်း သူက တိုက်တွန်းလိုက်ပါ တယ်။

ယင်းကြေညာချက်တွင် “ARSA သည် ရခိုင်ပြည်နယ်သို့ အကြမ်းဖက်သမားများ စိမ့်ဝင်နေခြင်းကို တားဆီးရန်အတွက် အကြမ်းဖက်မှု တိုက်ဖျက်ရေးအားထုတ်မှုများကို ကူညီရန် လုံခြုံရေးအေဂျင်စီများ နှင့်ပူးပေါင်းဆောင်ရွက်ရန်အသင့်ရှိကြောင်းလည်း အသိပေးအပ်သည်” ဟု ဖေါ်ပြထားပါတယ်။

ပြီးခဲ့သည့် အင်္ဂါနေ့က အယ်လ်ကိုင်းဒါးအဖွဲ့က ကမ္ဘာ့ မွတ်ဆလင်များ အထူးသဖြင့် ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယ၊ ပါကစ္စတန်နဲ့ဖိလစ်ပိုင်တို့မှ မွတ်ဆလင်များအနေဖြင့် ရိုဟင်ဂျာညီအကိုများကို ဘာဏ္ဍာရေး၊ စစ်ရေးနှင့်ရုပ်ပိုင်းအရ အကူအညီများပေးရန်တိုက်တွန်းခဲ့တာဖြစ်ပါတယ်။

ယခုလအစောပိုင်းကလည်း အယ်ကိုင်းဒါး ကျောထောက် နောက်ခံပြု Ansar Ghazwatul Hind အဖွဲ့ က မွတ်ဆလင်တဦးအနေဖြင့် အခြားမွတ်ဆလင်တဦးကိုမည်သို့ကာကွယ်နိုင်ကြောင်း ဗုဒ္ဓ ဘာသာ ဝင်များကိုပြသကြရန်တိုက်တွန်းခဲ့ပါသေးတယ်။

ရခိုင်ပြည်နယ် မြောက်ပိုင်း မွတ်ဆလင်များ တိုက်ခိုက်ခြင်းအတွက် လက်စားချေရန်လည်း ဂျီဟတ်ဝါဒီ အုပ်စုများကတောင်းဆိုထားပါတယ်။

ARSA အကြမ်းဖက်အဖွဲ့ဟာ ပြီးခဲ့တဲ့နှစ် အောက်တိုဘာ ၉ရက်နေ့က နယ်စပ်ကင်းစခန်းများကို ဝင် ရောက် တိုက်ခိုက်ခဲ့သလို၊ ယခုနှစ် သြဂုတ်လ ၂၅ ရက်နေ့က ဘူးသီးတောင်၊ မောင်တောနှင့် ရသေ့ တောင်မြို့နယ်များရှိ ရဲကင်းနှင့် ရဲစခန်းများကို လူစုလူဝေးဖြင့် အကြမ်းဖက်တိုက်ခိုက်ရုံသာမက ဒေသခံ ရခိုင်နှင့် တိုင်းရင်းသား မျိုးစုငယ်များဖြစ်သည့် ဒိုင်းနက်၊ မြို စသည့် လူမျိုးတို့၏ ကျေးရွာများ၊ ဟိန္ဒူဘာသာဝင်များကို အုပ်စုလိုက်အကြမ်းဖက် တိုက်ခိုက်သတ်ဖြတ်ခဲ့ပါတယ်။

ယင်းဒေသကို မြန်မာအစိုးရတပ်များက ဝင်ရောက်ရှင်းလင်းရာ လူပေါင်း ၄သိန်းနီးပါး ဘင်္ဂလားဒေ့ရှ် ဘက်ကို ထွက်ပြေးတယ်လို့ ကုလသမဂ္ဂနဲ့ ဘင်္ဂလားဒေ့ရှ် သတင်းကဆိုပါတယ်။

Did you find apk for android? You can find new Free Android Games and apps.
Loading