သတင်းတို

အိန္ဒိယ ကျည်ဆန်ရထားစီမံကိန်း ဂျပန်အကူအညီဖြင့် စတင်

Want create site? Find Free WordPress Themes and plugins.

အိန္ဒိယမှာ ရောက်ရှိနေတဲ့ ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးနဲ့ အိန္ဒိယဝန်ကြီးချုပ် နာရိန္ဒြာ မိုဒီတို့ဟာ အိန္ဒိယရဲ့ ပထမဆုံး ကျည်ဆန်ရထားစီမံကိန်းကို မနေ့က အုတ်မြစ်ချခဲ့ကြောင်း Hindustan times သတင်းက ဖော်ပြပါတယ်။

ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးဟာ ဂူဂျာရတ်ပြည်နယ်မှာ ပြုလုပ်တဲ့ ပုံမှန်နှစ်နိုင်ငံ ထိပ်သီး အစည်းအဝေး တက်ရောက်နေတာဖြစ်ပါတယ်။

ဒီခရီးစဉ်မှာ အိန္ဒိယနဲ့ ဂျပန်အကြားရှိ မြို့ကြီးတွေမှာ လေယာဉ်ပျံသန်းမှု တိုးမြှင့်ဖို့ အပါအဝင် ကာကွယ်ရေး၊ လုံခြုံရေး၊ ကုန်သွယ်ရေး စတဲ့ ကဏ္ဍတွေအပြင် အရပ်ဖက်သုံး နျူကလီးယားစွမ်းအင်
စီမံကိန်း အပါအဝင် သဘောတူညီချက် ၁၅ ခု လက်မှတ်ရေးထိုးခဲ့တယ်လို့ သိရပါတယ်။

ဒါဟာ တရုတ်ရဲ့ ဒေသတွင်း သြဇာလွှမ်းမိုးလာမှုကို တန်ပြန်ဖို့အတွက် နှစ်နိုင်ငံ ပိုမိုနီးကပ်စွာ ဆက်ဆံလာတာ ဖြစ်တယ်လို့ တချို့ကလည်း သုံးသပ်ပါတယ်။

ဒါပေမယ့် အိန္ဒိယ- ဂျပန် ပူးတွဲထုတ်ပြန်တဲ့ ကြေညာချက်မှာတော့ နှစ်နိုင်ငံ အနီးကပ် ဆက်ဆံရေးတိုးမြှင့်တာ ဟာ ကမ္ဘာစီးပွားရေးကို ပိုမိုအားကောင်းစေဖို့ မဟာဗျူဟာ ကျကျလုပ်ဆောင်တာဖြစ်တယ်လို့ ဆိုပါတယ်။

တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနကတော့ ကတော့ အိန္ဒိယ- ဂျပန်ဆက်ဆံရေးတိုးမြှင့်မှုဟာ မဟာမိတ် အသွင်ထက် ဒေသတွင်းတည်ငြိမ် အေးချမ်းမှုကို ဦးစားပေးတဲ့ လုပ်ဖော်ကိုင်ဖက်ပုံစံမျိုးဖြစ်ဖို့ လိုတယ်လို့ သတိနဲ့ ဝေဖန်ပြောဆိုလိုက်ပါတယ်။

ဂျပန်ဝန်ကြီးချုပ်ရဲ့ အိန္ဒိယခရီးစဉ်ဟာ တရုတ်နဲ့ အိန္ဒိယအကြား ဘူတန်နယ်စပ်က ဒေါ့ကလန်ဒေသ အငြင်းပွားမှုဖြစ်စဉ် နောက်ပိုင်းမှာ ထွက်ပေါ်လာတာဖြစ်ပါတယ်။

အိန္ဒိယနဲ့ ဂျပန်တို့ရဲ့ အမီဒါဘတ် နဲ့ မွမ်ဘိုင်းအကြား ဆက်သွယ်မယ့် ကျည်ဆန်ရထားစီမံကိန်းဟာ လာမည့် ၂၀၂၂ ခုနှစ်မှာ ပြီးစီးမှာဖြစ်ပြီး၊ အိန္ဒိယ ရူပီးကုဋေ ၁၁၀၀၀၀ ကုန်ကျမယ့် ၅၀၈ ကီလိုမီတာ(၃၁၆ မိုင်)အရှည်ရှိ ကျည်ဆံရထားစီမံကိန်းဟာ ယခင်ဝန်ကြီးချုပ် မန်မိုဟန်ဆင်းလက်ထက် ၂၀၁၃ ခုနှစ်ကတည်းက ဂျပန်က ကမ်းလှမ်းခဲ့တာဖြစ်ပါတယ်။

Did you find apk for android? You can find new Free Android Games and apps.
Loading