ဗြိတိန်နိုင်ငံ လန်ဒန်မြို့က Parsons Green မြေအောက်ဘူတာရုံမှာ ပေါက်ကွဲမှုတရပ် ယနေ့နံနက်ပိုင်း မှာ ဖြစ်ပွားရာ ထိခိုက်ဒဏ်ရာရမှုရှိတယ်လို့ The Telegraph သတင်းက ဆိုပါတယ်။
မျက်မြင်သက်သေများအဆိုအရ ပုံးတခုအတွင်းမှ ပေါက်ကွဲမှုဖြစ်ခဲ့ခြင်းဖြစ်ကြောင်း၊ လူအများအပြား ဒဏ်ရာရရှိပြီး လူအများလည်းထွက်ပြေးကြောင်းဆိုပါတယ်။
ပေါက်ကွဲမှုဖြစ်ပြီးနောက်မှာ ခရီးသည်တွေကို အမြန်ရွေ့ပြောင်းပေးခဲ့ရကြောင်းလည်း သိရပါတယ်။
လန်ဒန် လူနာတင်ယဉ် အဖွဲ့မှထုတ်ပြန်ချက်အရ သူတို့ကို မနက် ၈နာရီ ၂၀မိနစ်မှာ Parson Green မြေအောက်ဘူတာရုံမှာ ပေါက်ကွဲမှုဖြစ်တဲ့အတွက် ဖုံးဆက်ခေါ်ယူကြောင်းသိရပါတယ်။
ဒီဖြစ်ရပ်ဟာ အကြမ်းဖက်သမားများလက်ချက် ဟုတ်မဟုတ်ကို စုံစမ်းစစ်ဆေးနေတယ်လို့ သိရပါတယ်။
လန်ဒန်အပါအဝင်ဥရောပမြို့ကြီးတွေဟာ အကြမ်းဖက်သမားရဲ့ တိုက်ခိုက်မှုကို မကြာခဏခံနေရပြီး၊ မေလ ၂၂ရက်နေ့က မန်ချက်စတာမြို့ အားကစားရုံမှာ အဆိုတော် အာရီယာနာ ဂရမ်ဒီရဲ့ ဖျော်ဖြေပွဲအပြီးမှာ ဗုံးပေါက်တဲ့အတွက် ၂၂ ဦးသေဆုံးခဲ့ရပါတယ်။