သတင်းတို

အမေရိကန်ရဲ့ ပြည်ဝင်ခွင့် ဗီဇာပိတ်ပင်ခြင်းကို ကမ္ဘောဒီးယားအစိုးရ လက်တုံ့ပြန်

Want create site? Find Free WordPress Themes and plugins.

ကမ္ဘောဒီးယား နိုင်ငံခြားရေးဝန်ကြီးဌာန အဆင့်မြင့်အရာရှိများအား အမေရိကန်နိုင်ငံသို့ ပြည်ဝင်ခွင့် ဗီဇာထုတ်ပေးမှု ရပ်ဆိုင်းခြင်းကို ဗီယက်နမ်စစ်ပွဲအတွင်း ပျောက်ဆုံးသွားသော အမေရိကန် စစ်သား များ၏ ရုပ်ကြွင်းများအား ရှာဖွေမှုဆိုင်းငံ့ထားခြင်းဖြင့် လက်တုံ့ပြန်မည်ဟု ကမ္ဘောဒီးယား ဝန်ကြီးချုပ် ဟွန်ဆန်ကပြော ဆိုလိုက်ပါတယ်။

ဒါဟာ အမေရိကန်နဲ့ ကမ္ဘောဒီးယားအကြား ဖြစ်ပွားနေသည့် ဟွန်ဆန်အစိုးရအား ဖြုတ်ချရန် အမေရိ ကန်က ကမ္ဘောဒီးယားအတိုက်အခံ ပါတီနှင့် ပူးပေါင်းလုပ်ဆောင်ခဲ့သည် ဆိုသော စွပ်စွဲချက်များ ထွက် ပေါ်လာပြီး နှစ်နိုင်ငံဆက်ဆံရေး တင်းမာနေချိန်နဲ့ တိုက်ဆိုင်နေပါတယ်။

အမေရိကန်ကမူ ကမ္ဘောဒီးယားအရာရှိများအား ဗီဇာထုတ်မပေးခြင်းမှာ အမေရိကန်၌ ပြစ်ဒဏ်ကျခံပြီး ပြည်နှင်ဒဏ်ပေးထားသော ကမ္ဘောဒီးယားနိုင်ငံသားများကို ပြန်လည်လက်ခံရန် ကမ္ဘောဒီးယားအစိုးရ က ငြင်းပယ်ခြင်း သို့မဟုတ် နှောင့်နှေးကြန့်ကြာအောင်လုပ်ခြင်းကြောင့်ဆိုကာ ပြည်ဝင်ခွင့်ဗီဇာ ပိတ် လိုက်ခြင်းဖြစ်တယ်လို့ ဆိုလိုက်ပြီး၊ ဒီလိုချမှတ်မှုမျိုးကို အီရီထရီးယား၊ ဆီရာလီယွန်နှင့် ဂီနီနိုင်ငံများကို လည်း ချမှတ်ခဲ့ဖူးကြောင်းသိရပါတယ်။

ထို့ဗီဇာပိတ်ပင်မှုကြောင့် ကမ္ဘောဒီးယားကလည်း ပျောက်ဆုံးအမေရိကန် စစ်သားများ၏ ရုပ်ကြွင်း များ ရှာဖွေခြင်းကို ဗီဇာပြဿနာအပါအဝင် နှစ်နိုင်ငံအကြားရှိ တခြားသော ပြဿနာများဖြေရှင်းပြီး သည့် အထိ ရပ်ဆိုင်းထားမည်ဟု ဟွန်ဆန်အစိုးရကို လိုလားသော Fresh News သတင်းက ဆိုလိုက်သလို အစိုးရပြောခွင့် ဖေးဆီဖန်ကလည်း အတည်ပြုပါတယ်။

အမေရိကန်ပျောက်ဆုံးစစ်သားများ၏ ရုပ်ကြွင်းများ ရှာဖွေမှုကို ဆိုင်းငံ့မည့်အကြောင်းကြားစာကို နိုင်ငံခြားရေးဝန်ကြီးဌာနအရာရှိများက အမေရိကန်နိုင်ငံသို့မကြာမိပေးပို့မည်ဟု ဟွန်ဆန်က Fresh News နှင့်တွေ့ဆုံစဉ်ပြောဆိုပါတယ်။

အမေရိကန်အစိုးရရဲ့ ပြုစုထားသည့် စာရင်းအရ ဗီယက်နမ်စစ်ကာလ အင်ဒိုချိုင်းနားဒေသရှိ ကမ္ဘောဒီးယားတွင် ပျောက်ဆုံးခဲ့သော အမေရိကန်စစ်သားမှာ ၄၈ဦးရှိတယ်လို့ သိရပါတယ်။

ဟွန်ဆန်အစိုးရဟာ အတိုက်အခံ အမျိုးသားကယ်တင်ရေးပါတီ အကြီးအကဲကို ကမ္ဘောဒီးယား အစိုးရ အား ဖြုတ်ချရန် ကြံစည်မှုဖြင့် ဖမ်းဆီးထားပြီး၊ ဒါ့အပြင်အမေရိကန်တို့၏ ငွေကြေးဖြင့် ဖွင့်လှစ်ထား သည့် ခမာဘာသာဖြင့် ထုတ်လွှင့်သည့် Radio Free Asia(RFA) ရေဒီယို အသံလွှင့်ရုံကိုလည်း ပိတ်ပစ်ခဲ့ပါတယ်။

အမေရိကန်ကလည်း ကမ္ဘောဒီးယားအစိုးရ၏ စွပ်စွဲချက်ကို ပယ်ချပြီး ဟွန်ဆန်အစိုးရ၏ လုပ်ရပ်များ ဖြစ်သည့် အတိုက်အခံခေါင်းဆောင်အား ဖမ်းဆီးခြင်း၊ လွတ်လပ်သော အင်္ဂလိပ်ဘာသာ သတင်းစာ တစောင်နှင့် RFA ရေဒီယိုအား ပိတ်ခြင်းကို ဝေဖန်ခဲ့ပါတယ်။

ကမ္ဘောဒီးယား နိုင်ငံခြားရေး ဝန်ကြီးဌာနကမူ အမေရိကန်ရှိ ပြစ်မှုကျူးလွန်သည့် ကမ္ဘောဒီးယား လူမျိုး များအား ပြည်နှင်ဒဏ်ပေးသည့် ကိစ္စနှင့် ပတ်သက်၍ ၂၀၀၂ ခုနှစ်ကထားရှိသည့် နှစ်နိုင်ငံ သဘောတူ ညီချက်ကို ပြန်လည်ပြင်ဆိုလိုကြောင်း ပြောပါတယ်။

အဘယ်ကြောင့်ဆိုသော် အမေရိကန်၌ ပြစ်ဒဏ်ကျခံပြီး ပြည်နှင်ဒဏ်ပေးခြင်းခံရသည့် ကမ္ဘောဒီးယား လူမျိုးများကို ပြန်လည်လက်ခံရခြင်းသည် မိဘနှင့် သားသမီးများအကြား ကွဲကွာမှုကို ဖြစ်စေလို လူ မဆန်ကြောင်း၊ ပြည်နှင်ဒဏ်ကြောင့် ရောက်ရှိလာသူ တချို့မှာ မိမိကိုယ်မိမိ သတ်သေမှုများ ဖြစ်ပွား ကြောင်း ဝန်ကြီးချုပ် ဟွန်ဆန်က ပြောပါတယ်။

ဝန်ကြီးချုပ် ဟွန်ဆန်ထောက်ပြပြောဆိုမှုနှင့် ပတ်သက်၍ လူ့အခွင့်အရေးအဖွဲ့တချို့က သဘောတူပြီး တချို့သော ပြန်လည်ပို့ဆောင်ခံရသူများမှာ ငယ်စဉ်ကပင် အမေရိကန်သို့ရောက်ရှိနေသူများဖြစ်ပြီး ကမ္ဘောဒီးယားတွင် ကြာကြာနေဖူးခြင်းမရှိသူများဖြစ်သည်ဟုဆိုကြပါတယ်။

Did you find apk for android? You can find new Free Android Games and apps.
Loading