သတင်းတို

ဒေါ်အောင်ဆန်းစုကြည်မိန့်ခွန်း ရုပ်သံ တိုက်ရိုက်လွှင့်မည်

Want create site? Find Free WordPress Themes and plugins.

နေပြည်တော်တွင် စက်တင်ဘာ ၁၉ ရက်နေ့၊ နံနက် ၁၀ နာရီတွင် ပြောကြားမည့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသား ပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဆိုင်ရာ မိန့်ခွန်း (နိုင်ငံတော် အခြေပြ မိန့်ခွန်း) ကို နေပြည်တော်ရှိ LED board များတွင် တိုက်ရိုက် ထုတ်လွှင့် ပြသသွားမည်ဖြစ်ကြောင်း နေပြည်တော် စည်ပင်သာယာရေး ကော်မတီဝင် ဦးမင်းသူက ပြောသည်။

ဦးမင်းသူက “ရည်ရွယ်ချက်က အင်္ဂလိပ်လို ထုတ်လွှင့်မှာ ဖြစ်ပေမယ့်လည်း လက်ရှိ နိုင်ငံတော် အခြေအနေ အပေါ်မှာ ကမ္ဘာနဲ့ တကွ အသိပေးချင်တာ ၊ ဒီအပေါ်မှာ ဘယ်လို ဆောင်ရွက်ထားတယ်ဆိုတာကို ပွင့်လင်းမြင်သာစွာနဲ့ အထူးသဖြင့် ပြည်သူဘက်က ရပ် တည်တယ်ဆိုတာကို နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်ရဲ့ ပြည်သူအပေါ် အသိပေး ဆောင်ရွက်ခြင်း ဖြစ်တဲ့အတွက် ပြသခြင်း ဖြစ်တယ်” ဟု ပြောသည်။

နိုင်ငံတော် အခြေပြ မိန့်ခွန်းကို တိုက်ရိုက် ထုတ်လွှင့်ပြသသွားမည့် နေရာမှာ နေပြည်တော်ရှိ သပြေကုန်းဈေး၊ မြို့မဈေး၊ ပျဉ်းမနား မြို့ အတွင်းမှ မင်္ဂလာခန်းမရှေ့ရှိ LED Board သုံးခုတွင် တိုက်ရိုက် (Live) ပြသသွားမည် ဖြစ်ပြီး ရန်ကုန်၊ မန္တလေးနှင့် အခြား မြို့ကြီးများတွင်လည်း ထုတ်လွှင့်နိုင်ရန် ပြင်ဆင်နေကြောင်း သိရသည်။

နေပြည်တော် စည်ပင်သာယာရေး နယ်နိမိတ်ရှိ LED Board နှင့် အခြားကြော်ငြာ ဆိုင်းဘုတ်များကို နေပြည်တော် စည်ပင် သာယာရေးကော်မတီက စာရင်းပြန်လည် ကောက်ယူပြီး ပြည်သူ့ဆက်ဆံရေးနှင့် ပြန်ကြားရေးဌာနက နိုင်ငံအတွင်း အရေးကြီးသည့် ထုတ်ပြန်ချက်များကို ပြည်သူများ အချိန်နှင့် တပြေးညီ သိရှိနိုင်ရန် ထုတ်ပြန်သွားမည်ဖြစ်ကာ တိုက်ရိုက် ထုတ်လွှင့်မည့် နေရာများတွင် လူစုလူဝေးဖြစ်ပြီး အဖျက်အမှောင့်များ မရှိစေရန် လုံခြုံရေး အလုံအလောက် ချထားမည်ဖြစ်ကြောင်း သိရသည်။

နေပြည်တော်ရှိ အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းစင်တာ MICC- 2 တွင် နိုင်ငံတော်၏ အတိုင်ပင်ခံက အင်္ဂလိပ်ဘာသာစကားဖြင့် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဆိုင်ရာမိန့်ခွန်းပြောခြင်းကို LED Board ဖြင့် ပြသသည့်အခါတွင် Live လွှင့်ခြင်းဖြစ်၍ မြန်မာဘာသာဖြင့် စာတန်းထိုးရန် မလွယ်ကူနိုင်ကြောင်း ဦးမင်းသူက ၎င်း၏ ထင်မြင် ယူဆချက်ကိုပြောသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading