သတင်းတို

စစ်အတွင်းကျဆုံး ဂျပန်စစ်သည်များ၏ သတင်းသိရှိပါက ပေးအပ်နိုင်

Want create site? Find Free WordPress Themes and plugins.

ဒုတိယကမ္ဘာစစ် မြန်မာပြည်စစ်မြေပြင်၌ ကျဆုံးသွားသည့် ဂျပန်စစ်သည်များ၏ အရိုးများကို ကျန်ရစ် သူ မိသားစုများထံ ပြန်လည်ပို့ပေးနိုင်ရေး အတွက် မိမိတို့မြို့ရွာများအနီး ဂျပန်စစ်သားများ နှင့် ပတ်သက်သည့် သတင်းအချက်အလက်များရရှိပါက ဆက်သွယ်ကာ အကူအညီပေးရန် ဂျပန်အစိုးရနှင့် JARRWC အသင်းက ပန်ကြားလိုက်ပါတယ်။

ဂျပန်အရိုးကောက်အဖွဲ့လို့ လူသိများတဲ့ စစ်အတွင်းကျဆုံးခဲ့သူများ၏ ကြွင်းကျန်နေသော အရိုးများ ပြန်လည် ကောက်ယူနိုင်ရန်နှင့် မူလဒေသသို့ ပြန်လည်ပို့ဆောင်ပေးရန်အသင်း(JARRWC) က ထုတ်ပြန်သည့် အဆိုပါ စာတွင် ဒုတိယကမ္ဘာစစ်ပြီးဆုံးသည်မှာ နှစ်ပေါင်း ၇၀ကျော် ကြာမြင့်ပြီဖြစ်၍ ကျဆုံး ဂျပန်စစ်သည်များ၏ ကြွင်း ကျန်နေသည့် အရိုးများနှင့် ပတ်သက်၍ သတင်းအချက်အလက် စုဆောင်းရရှိမှု နည်းပါးလာရာ အရိုး ကောက် နိုင်ရန် ပိုမိုခက်ခဲလာကြောင်း၊ ထို့အတွက် ဒုတိယကမ္ဘာစစ်အတွင်းက မိမိတို့ မြို့ရွာများ အနီး ဂျပန်စစ်သားနှင့် ပတ်သက်သည့် သိရှိထားသည့် သတင်းများရရှိပါက ရန်ကုန်မြို့ရှိ ဂျပန်သံရုံးနှင့် JARRWC သို့ ဆက်သွယ် အကြောင်းကြား ပေးရန်ပါရှိပါတယ်။

ထို့အပြင် ဂျပန်လူမျိုးများ၏ အရိုးဟု ယူဆရသည့် အရာများတွေ့ပါက ဓာတ်ခွဲခန်းတွင် စမ်းသပ်ရန် လိုအပ် သဖြင့် တနေရာထဲ၌ စုစည်းထားခြင်းမပြုလုပ်ဘဲ၊ နဂိုရ်မူလ တွေ့ရှိသည့်အတိုင်းသား ထားရှိပြီး အကြောင်းကြား ရန် လည်းဖော်ပြထားပါတယ်။

ဒုတိယကမ္ဘာစစ်အတွင်းက ဂျပန်တပ်မတော် မြန်မာပြည်စစ်မြေပြင်သို့ ချီတက်လာစဉ်(ဓာတ်ပုံ – WW 2 Live)

ဂျပန်အစိုးရနှင့် JARRWC အဖွဲ့တို့ လုပ်ဆောင်သည့် အရိုးကောက်ယူခြင်းသည် ကျဆုံးလေပြီးသော သူများ၏ အရိုးကို ကျန်ရစ်သူ မိသားစုထံ ပို့ပေးခြင်းဖြင့် သေလွန်သူတို့အနေဖြင့် ဘဝတပါးသို့ ကောင်းမွန်စွာ ကူးပြောင်း နိုင်ရန် ဆိုသည့် ဂျပန်လူမျိုးတို့၏ ဓလေ့ထုံးစံအရ ကျန်ရစ်သူမိသားစုက ပြင်းပြစွာ တောင်းဆိုမှုကြောင့် ဆောင်ရွက်နေခြင်းဖြစ်ပါတယ်။

ဂျပန်အစိုးရဟာ ၁၉၅၂ ခုနှစ်က စတင်ကာ အငြိမ်းစား စစ်ပြန်ကြီးများနှင့် စစ်ပွဲဖြစ်ပွားရာ ဒေသတွင်းရှိ သတင်း များကို အခြေခံကာ ကျဆုံးစစ်သည်များ၏ အရိုးကို ကောက်ယူကာ ဂျပန်နိုင်ငံ၌ အောက်မေ့ဖွယ်အခမ်း အနားများ လုပ်ဆောင်တာဖြစ်ပါတယ်။

ဂျပန်အစိုးရဲ့ သတင်းအချက်အလက်များအရ မြန်မာပြည်စစ်မြေပြင် ကျဆုံးခဲ့ရတဲ့ ဂျပန်စစ်သားပေါင်း ၁၃၇၀၀၀ ရှိသော်လည်း ပြန်လည်ရှာဖွေရရှိတဲ့ ရုပ်ကြွင်းအရိုးအရေအတွက်ကတော့ မြစ်ကြီးနားမြို့ အနီးတဝိုက်က ၄၈၆၃၊ ကလေး မြို့အနီးတဝိုက်က ၁၃၁၄၁၊ မိထ္တီလာမြို့ အနီးတဝိုက်က ၄၄၃၂၊ မော်လမြိုင်မြို့ အနီးတဝိုက်က ၇၈၆၈ ရှိပါတယ်။

အဲဒါကြောင့် မြန်မာပြည်စစ်မြေပြင်မှာ ရုပ်ကြွင်း အရိုးအရေအတွက်ဟာ ၄၅၅၈၀ ကျန်ရှိနေဆဲဖြစ်တယ်လို့ သိရ ပါတယ်။

၁၉၃၉ခုနှစ် ဥရောပတိုက်မှာ ဂျာမနီ၊ အီတလီနှင့် အင်္ဂလန်၊ ပြင်သစ်အကြားဖြစ်ပွားခဲ့တဲ့ ဒုတိယကမ္ဘာစစ်ပွဲ အတွင်းသို့ ဂျပန်ဟာ ၁၉၄၁ခုနှစ် ဒီဇင်ဘာ ၇ရက်နေ့မှာ အမေရိကန်ရဲ့ ပုလဲဆိပ်ကမ်းကို ဗုံးကြဲတိုက်ခိုက်ပြီး စစ်ထဲကို ဝင်ရောက်ခဲ့ပါတယ်။

တချိန်ထဲဆိုသလို အင်္ဂလိပ်ပိုင် မြန်မာပြည်ကို ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး၊ စင်ကာပူခံတပ်နဲ့ မလေးရှားကို သိမ်းပိုက် ကာ ထိုင်းနိုင်ငံမှ တဆင့် စစ်ကြောင်း ၃ကြောင်းခွဲပြီး သခင်အောင်ဆန်း(ဗိုလ်တေဇ)ဦးဆောင်တဲ့ ဗမာ့လွတ်လပ် ရေး တပ်မတော် (BIA) နဲ့အတူ ၁၉၄၂ ခုနှစ်မှာ မြန်မာပြည်ကို ဝင်ရောက်သိမ်းပိုက်ခဲ့ပါတယ်။

ဒုတိယကမ္ဘာစစ်အတွင်းက ဂျပန်တပ်မတော် မြန်မာပြည်စစ်မြေပြင်သို့ ချီတက်လာစဉ်(ဓာတ်ပုံ – WW 2 Live)

အဲဒီနောက် ဂျပန်တပ်တွေဟာ အထက်မြန်မာပြည်မှ တဆင့် အိန္ဒိယကို တိုက်ခိုက်ခဲ့ရာ အင်ဖာတိုက်ပွဲဟာ နာမည်ကျော်တိုက်ပွဲဖြစ်ပြီး ဒုဗိုလ်ချုပ်ကြီး ကဝါဘီ ဦးစီးတဲ့ဂျပန်တပ်များ နဲ့ ဗိုလ်ချုပ်ကြီး ဆာဝီလျံံဆလင်း၊ ဗိုလ်ချုပ်ကြီး စကွန်း ဦးစီးတဲ့ အင်္ဂလိပ်တပ်များအကြား ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲကြီးမှာ ဂျပန်တပ်များ အကျအဆုံး များစွာနဲ့ ဆုတ်ခွာခဲ့ရပါတယ်။

စုစုပေါင်း ဂျပန်စစ်သား ၁၃၅၀၀ ကျဆုံးကာ ၅၅၀၀၀ခန့် ဒဏ်ရာရခဲ့ပြီးနောက်မှာတော့ မဟာမိတ်များဘက်မှ မြန်မာပြည်စစ်မြေပြင်မှ ဂျပန်ကို မောင်းထုတ်နိုင်ဖို့ အတွက် ထိုးစစ်စဖို့ အခွင့်အလန်းဖြစ်လာခဲ့ပါတယ်။

အလားတူ ဖက်ဆစ်တော်လှန်ရေးအတွင်း စစ်တောင်းမြစ်ဝှမ်းတိုက်ပွဲတွေမှာလည်း ဂျပန်စစ်သည် ၂၇၇၄ ယောက်ကျဆုံးခဲ့ကြောင်း ရဲဘော်သုံးကျိပ်ဝင် ဗိုလ်မှူးချုပ်ဟောင်း ကျော်ဇောရဲ့ ကိုယ်တိုင်ရေး အတ္ထုပတ္တိမှာ ဖော်ပြထားပါတယ်။
လက်ရှိအချိန်မှာတော့ ကျဆုံး ဂျပန်စစ်သည်များနှင့် ပတ်သက်၍ သတင်းများ သိရှိပါက ရန်ကုန်မြို့ ဗဟန်းမြို့နယ် နတ်မောက်လမ်းရှိ ဂျပန်သံရုံးသို့လည်းကောင်း၊ JARRWC အသင်း Email လိပ်စာ – [email protected] သို့ ပေးပို့နိုင်တယ်လို့ သိရပါတယ်။

Did you find apk for android? You can find new Free Android Games and apps.
Loading