သတင်းတို

လက်ရှိ ကုလသမဂ္ဂ စွမ်းဆောင်ရည် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် ဝေဖန်

Want create site? Find Free WordPress Themes and plugins.

ကုလသမဂ္ဂကို လူအများယုံကြည်နိုင်တဲ့ အနေအထား ပြန်လည်လုပ်ဆောင်ဖို့ အမေရိကန်သမ္မတ ဒေါ်နယ် ထရမ့်က ယနေ့ နယူးယောက်ခ်မြို့မှာ ပြုလုပ်တဲ့ အထူးအစည်းအဝးတရပ်မှာ ပြောကြားလိုက်ပါတယ်။

မကြာသေးခင်နှစ်များက ကုလသမဂ္ဂ ဟာ အပြည့်အ၀ လုပ်ကိုင်နိုင်စွမ်းမရှိကြောင်း၊ ဘာကြောင့်လဲဆိုတော့ လွဲမှားတဲ့ စီမံခန့်ခွဲမှုတွေ၊ ဗျူရိုကရေစီ ကျင့်သုံးမှုတွေကြောင့်ဖြစ်ကြောင်း၊ လက်ရှိအနေအထားမှာတော့ ကုလသမဂ္ဂဟာ လူအများစုဝေး စကားပြောနေတဲ့ ကလပ်တခုသဖွယ်ဖြစ်နေတာဟာ ဝမ်းနည်းဖို့ ကောင်းတယ် လို့ သမ္မတ ဒေါ်နယ်ထရမ့်က သုံးသပ်ပါတယ်။

ကုလသမဂ္ဂရဲ့ ပုံမှန်ဘတ်ဂျက်ဟာ ၁၄၀ ရာခိုင်နှုန်းအထိ တိုးမြှင့်ခဲ့ကြောင်း၊ သက္ကရာဇ် ၂၀၀၀ လောက်ကတည်း က ဝန်ထမ်းအရေအတွက် ၂ဆတိုးခဲ့ပေမယ့်၊ ရင်းနှီးထားတာနဲ့ ထိုက်တန်တဲ့ ရလဒ်ကို မမြင်ရသေးဘူး လို့လည်း ဝေဖန်ခဲ့ပါတယ်။

ဒါပေမယ့်လည်း အခုတာဝန်ယူလုပ်ကိုင်နေတဲ့ အထွေထွေအတွင်းရေးမှူးချုပ် လက်ထက်မှာတော့ ပြောင်းလဲမှု တွေရှိတယ်ဆိုတာ သိတယ်လို့လည်း ဆိုပါတယ်။

အမေရိကန်အနေနဲ့ ကုလသမဂ္ဂရဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေမှာ ၂၈ ရာခိုင်နှုန်း ထည့်ဝင်ထားရပြီး၊ ဝန်ထုပ်ဝန်ပိုးတွေကို တနိုင်ငံထဲက နေ တာဝန်ယူနေရတဲ့ အဖြစ်မျိုးကို မလိုလားကြောင်းလည်း သမ္မတ ဒေါ်နယ်ထရမ်က ဆိုပါတယ်။

Did you find apk for android? You can find new Free Android Games and apps.
Loading