သတင်းတို

ပြင်းအား မဂ္ဂနီကျု့ ၇.၁ မက္ကဆီကို ငလျင် လူ ၁၄၉ဦးသေဆုံး

Want create site? Find Free WordPress Themes and plugins.

မက္ကဆီကိုနိုင်ငံ အလယ်ပိုင်းမှာ ပြင်းအား မဂ္ဂနီကျု့ ၇.၁ ငလျင်ကြီးတခု ယနေ့နံနက်က လှုပ်ခတ်ခဲ့ရာ အဆောက်အဦးများစွာ ပြိုကျခဲ့ သည့် အတွက် အနည်းဆုံး သေဆုံးသူ ၁၄၉ ဦးရှိ ကြောင်း သိရပါတယ်။

ငလျင်ဟာ Puebla ပြည်နယ်က ရာဘိုဆိုမြို့နဲ့ ၅မိုင်အကွာ လှုပ်ခတ်ခဲ့တာဖြစ်ပြီး၊ ဗဟိုချက်ဟာ မြေအောက် ၅၁ ကီလိုမီတာမှာ ဖြစ်ကြောင်းသိရပါတယ်။

မြို့တော် မက္ကဆီကို စီးတီးမှာတော့ အဆောက်အအုံပြိုကျမှုကြောင့် လူ ၃၀ သေဆုံးကာ သုံးထပ် မူလတန်းကျောင်း တကျောင်းပြိုကျပျက်စီးတဲ့အတွက် ကလေး၈ဦးနဲ့ ကျောင်းဆရာ တဦးသေဆုံးသွားပြီး၊ ကလေး ၁၁ဦးဟာ အပျက်အစီးတွေကြားမှာ ပိတ်မိကြောင်း၊ ကယ်ဆယ်ရေးလုပ်သားများဟာ ကယ်ဆယ်ဖို့ ကြိုးစားနေတယ်လို့ ဆိုပါတယ်။

ငလျင်ကြောင့် အဆောက်အဦးများ ပြိုကျနေပုံ(ဓာတ်ပုံ – Reuters)

အလားတူ မြို့တော် မက္ကဆီကို စီးတီးရှိ အပြည်ပြည်ဆိုင်ရာ လေဆိပ်ကိုလည်း ပိတ်ထားရပြီး၊ အရေးပေါ်အခြေအနေ ကြေညာထားရကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ကြေညာခဲ့ပါတယ်။

မက္ကဆီကို သမ္မတရဲ့ ကြေညာချက်အရတော့ မြို့တော်မှာရှိတဲ့ အဆောက်အအုံ ပြိုလဲခဲ့ရတယ်လို့ သိရပြီး၊ လူပေါင်း ၄သန်းခန့်ဟာ လျှပ်စစ်မီးပြတ်တောက်မှုကို ခံနေရပါတယ်။

အမေရိကန်အစိုးရကတော့ မက္ကဆီကိုအစိုးရက တောင်းခံလာပါက ငလျင်နဲ့ ပတ်သက်ပြီး ထောက်ပံ ကူညီဖို့ အသင့်ဖြစ်ကြောင်းဆိုပါတယ်။

ယခုလ စောစောပိုင်းကလည်း မက္ကဆီကိုရဲ့ အနောက်တောင်ဘက် ၇၆မိုင်အကွာကို ဗဟိုပြုလှုပ်ခတ်ခဲ့တဲ့ ပြင်းအား ၈.၁ မဂ္ဂနီကျု့ရှိ ငလျင်ကြောင့် လူပေါင်း အနည်းဆုံး ၉၈ ဦးသေဆုံးခဲ့ပါတယ်။

Did you find apk for android? You can find new Free Android Games and apps.
Loading