သတင်းတို

မြောက်ဥက္ကလာပတွင် ဓားဖြင့်ခုတ် လူသတ်သည့် တရားခံ ၂ ဦးကိုဖမ်းမိ

Want create site? Find Free WordPress Themes and plugins.

ရန်ကုန်မြို့၊ မြောက်ဥက္ကလာပမြို့နယ် ၁ ရပ်ကွက်ရှိ လက်ဖက်ရည်ဆိုင်တဆိုင်တွင် ထိုင်နေသည့် အသက် ၂၈ နှစ်အရွယ် စန်းဝင်းအောင်ဆိုသူကို အသက် ၂၂ နှစ်ရှိ ဇေယျာကျော်ဆိုသူက သံရိုးတပ် ဓားရှည်ဖြင့် ထိုးခုတ် သတ်ဖြတ်လိုက်ကြောင်း ရန်ကုန်တိုင်း ရဲတပ်ဖွဲ့က ယနေ့ စက်တင်ဘာ ၂၃ ရက်တွင် သတင်းထုတ်ပြန်လိုက်သည်။

ဖြစ်စဉ်မှာ ယမန်နေ့ ည ၈ နာရီ မိနစ် ၂၀ ခန့်က ဇေယျာကျော်က စန်းဝင်းအောင်ဆိုသူကို အရိုးအသွား ၂၇ လက်မရှိ သံရိုးတပ်ဓားရှည် ဖြင့် ဝင်ရောက် ထိုးခုတ်ခဲ့ပြီး အသက် ၁၄ နှစ်အရွယ် နေမင်းထက်က လုံးထွေးသတ်ပုတ်ပေးခဲ့ခြင်း ဖြစ်သည်။ ၎င်းအား အနိုင်ကျင့် ပါးရိုက်သဖြင့် ဓားဖြင့်ခုတ်ခြင်း ဖြစ်ကြောင်း သိရသည်။

သေဆုံးသူ စန်းဝင်းအောင်နှင့် အတူ ထိုင်နေသူတဦးတွင် နဖူးပြတ်ရှ၊ ယာရင်အုံနှင့် ဝဲလက်ဖဝါး ပွန်းရှ ဒဏ်ရာများ ရရှိခဲ့ရာ မြောက်ဥက္ကလာပဆေးရုံတွင် အတွင်းလူနာ( မစိုးရိမ်ရ) ဖြင့် တင်ပို့ ကုသထားရကြောင်း သိရသည်။

ဓားဖြင့် ခုတ်သတ်သူ ဇေယျာကျော် အပါအဝင် ၂ ဦးကို အခင်းဖြစ်နေရာ အနီးတွင် ဖမ်းဆီးရမိခဲ့သည့်အတွက် မြောက်ဥက္ကလာပရဲစခန်းက ရာဇသတ်ကြီးပုဒ်မ ၃၀၂/ ၃၂၆/ ၁၁၄ ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သိရသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading