အစ္စရေးလ်နိုင်ငံ မြို့တော် ဂျေရူဆလင်နဲ့ ၆မိုင်ခန့်အကွာရှိ အနောက်ဖက်ကမ်းက အိမ်ရာတခုမှာ ဒီကနေ့ မနက်ပိုင်း ပါလက်စတိုင်း သေနတ်သမားတဦးက ဝင်ရောက် ပစ်ခတ်တဲ့အတွက် အစ္စရေးလ် ၃ဦးသေဆုံးကာ ၄ဦး ဒဏ်ရာရသွားကြောင်း သိရပါတယ်။
သေနတ်သမားဟာ မြို့တော် ဂျေရူဆလင်၏ အနောက်မြောက် ဟာအာဒါမြို့အနီးရှိ အိမ်ရာမှာ အလုပ် လုပ်နေတဲ့ ပါလက်စတိုင်းများကဲ့သို့ အသွင်ဖြင့် ချဉ်းကပ်ကာ ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး၊ အဆိုပါ သေနတ်သမားကို လုံခြုံရေး တပ်ဖွဲ က အသေပစ်ခတ်ဖမ်းဆီးလိုက်ပါတယ်။
တိုက်ခိုက်သူ သေနတ်သမားဟာ ဟာအာဒါ မြို့မှ တမိုင်ကျော်အကွာရှိ ဘိုက်ဇူရစ်ကျေးရွာမှာ နေထိုင်တဲ့ အသက် ၃၇နှစ်ရှိ ပါလက်စတိုင်းတဦးဖြစ်တယ်လို့ သိရပါတယ်။
အစ္စရေးလ် အာဏာပိုင်တွေကတော့ အကြမ်းဖက်တိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး အနောက်ဘက်ကမ်းက ပါလက်စတိုင်းခေါင်းဆောင်တွေမှာ တာဝန်ရှိတယ်လို့ အပြစ်တင်ဝေဖန်လိုက်ပြီး၊ ပါလက်စတိုင်း အာဏာပိုင်တွေကတော့ အဲဒီစွပ်စွဲချက်ကို ငြင်းဆိုပါတယ်။