အမေရိကန်ကာကွယ်ရေး ဝန်ကြီး ဂျိမ်းစ် မက်တစ်၏ အာဖဂန်နစ္စတန်သို့ ရောက်ရှိပြီးနောက် မြို့တော် ကာဘူးလ်က နိုင်ငံတကာလေဆိပ်ကို တာလီဘန်တွေက ဒုံးကျည်များနဲ့ ပစ်ခတ်တိုက် ခိုက်လိုက်ပါ တယ်။
အာဖဂန်ပြည်ထဲရေး ဝန်ကြီးဌာန ပြောခွင့်ရ နာဂျစ် ဒါနစ်က “ဒီကနေ့ မနက်မှာပဲ လေဆိပ်အနီးတဝိုက် ကို ဒုံးကျည်တွေ ကျရောက်ခဲ့ပါတယ်၊ ဒါပေမယ့် ထိခိုက်ဒဏ်ရာရတဲ့သူတော့ မရှိဘူးလို့” Twitter မှာ ရေးသားပေ မယ့် အရပ်သား ၅ဦးခန့် ထိခိုက် ဒဏ်ရာရခဲ့တယ်လို့ သတင်းတွေကဆိုပါတယ်။
ဒုံးကျည်တွေ ကျရောက်တဲ့အချိန်မှာ အမေရိကန်ကာကွယ်ရေးဝန်ကြီးဟာ လေဆိပ်အနီးမှာ ရှိမနေဘူးလို့လည်း သိရပါတယ်။
ဒီလိုလေဆိပ်အနီး ပစ်ခတ်မှုဟာ သူတို့လက်ချက်ဖြစ်ကြောင်း ကာကွယ်ရေးဝန်ကြီး ဂျိမ်းစ် မက်တစ်ကို ပစ်မှတ်ထားပစ်ခတ်တာဖြစ်တယ်လို့ တာလီဘန်တွေက ထုတ်ပြန်သလို၊ IS အကြမ်းဖက်အဖွဲ့ကလည်း ဒုံးကျည်နဲ့ လေဆိပ်ကို ပစ်ခတ်တယ်လို့ ဂျီဟတ်ဒစ် Amaq သတင်းကဆိုပါတယ်။
Amaq သတင်းအရ ပစ်ခတ်တဲ့ IS အဖွဲ့က SPG- 9 အမျိုးအစား ဒုံးကျည်နဲ့ မော်တာတွေကို သုံးကာ တိုက်ခိုက်တာဖြစ်တယ်လို့ ဆိုပါတယ်။
အမေရိကန်အနေနဲ့ အာဖဂန်နစ္စတန်အရေးမှာ အရှိန်မြှင့်ဆောင်ရွက်မည်လို့ ပြီးခဲ့တဲ့ သြဂုတ်လ အတွင်းက သမ္မတဒေါ်နယ်ထရမ့် အနေနဲ့ ဆုံးဖြတ်ချက်ချပြီးနောက်မှာ အမေရိကန်ကာကွယ်ရေး ဝန်ကြီး ဂျိမ်းစ်မက်တစ်ရဲ့ ခရီးစဉ် စတင်ခဲ့တာဖြစ်ပါတယ်။
အာဖဂန်အရေးနဲ့ ပတ်သက်ပြီး သမ္မတဒေါ်နယ်ထရမ့်က ကျနော်တို့ရဲ့ တပ်သားတွေဟာ အကြမ်းဖက် သမားတွေကို အနိုုင်ရအောင် တိုက်ခိုက်မှာဖြစ်တယ်လို့ ဆိုလိုက်သလို၊ ကာကွယ်ရေး ဝန်ကြီး မက်တစ်ကလည်း လက်ရှိ အာဖဂန်မှာကျင့်သုံးနေတဲ့ မဟာဗျူဟာကို ပြန်လည်ပြင်ဆိုဖို့ ပူးတွဲစစ်ဦးစီး ချုုပ်ကို ညွန်ကြားထားတယ်လို့ ဆိုပါတယ်။
အမေရိကန် ကာကွယ်ရေးဝန်ကြီး ဂျိမ်းစ်မက်တစ်ဟာ အိန္ဒိယနိုင်ငံကို စက်တင်ဘာ ၂၆၊ ၂၇ ရက် ကြာသွားရောက်ပြီးနောက်မှာ အာဖဂန်နစ္စတန်ကို ရောက်ရှိလာခြင်းဖြစ်ပါတယ်။