သတင်းတို

မောင်တောဒေသ ရှာတွေ့ ဟိန္ဒူအလောင်းများကို ယနေ့ သင်္ဂြီုဟ်

Want create site? Find Free WordPress Themes and plugins.

ရခိုင်ပြည်နယ် မောင်တောမြို့နယ် ရဲဘော်ကျကျေးရွာမှ ပျောက်ဆုံးသွားသော ဟိန္ဒူဘာသာဝင် ၁၀၀ ကျော်အနက် အလောင်း ၄၅ လောင်းကို ရှာဖွေတူးဖော် တွေ့ရှိခဲ့ရာ ယနေ့ စက်တင်ဘာလ ၂၈ ရက်နေ့ မွန်းလွဲ ၂ နာရီ ၂၀ မိနှစ် အချိန်က ဟိန္ဒူဘာသာဝင်များ၏ ဓလေ့ထုံးတမ်းအရ သင်္ဂြီုဟ် လိုက်ပြီ ဖြစ်ကြောင်း သတင်း ရရှိသည်။

အဆိုပါ အလောင်းများကို သင်္ဂြီုဟ်သည့်နေရာသို့ ဟိန္ဒူဘာသာရေးခေါင်းဆောင်များနှင့် သေဆုံးသွားသည့် မိသာစုဝင်များ အပါအဝင် လူပေါင်း ၇၀ ကျော်တက်ရောက်ပြီး ယင်းတို့၏ ဓလေ့ထုံးတမ်းအရ ဆောင်ရွက် လုပ်ကိုင်ကာ သဂြိုလ်ပေးလိုက်ပြီ ဖြစ်ကြောင်း ၎င်းနယ်မြေတွင် တာဝန်ကျနေသော နယ်ခြားစောင့်ရဲတပ်ဖွဲ့မှ ရဲမှူးကြီး ဥက္ကာကို က ဧရာဝတီသို့ ပြောသည်။

ရဲမှူးကြီး ဥက္ကာကို က “ အလောင်းအားလုံးကို ဒီနေ့ပဲ သင်္ဂြီုဟ်ပါတယ်။ မီးသင်္ဂြီုဟ်တာပါ ။ သူတို့ရဲ့ ဓလေ့ထုံးတမ်းအရ ဟိန္ဒူဘာသာရေး ခေါင်းဆောင်တွေက ဆောင်ရွက်ပါတယ်။ ကျနော်တို့ကတော့ သူတို့ရဲ့ လိုအပ်ချက်တွေကို ပံ့ပို့ပေးပါတယ်။ သင်္ဂြီုဟ်တဲ့နေရာကတော့ အဲဒီအလောင်းထားတဲ့ အနီးက နေရာတခုမှာ သူတို့ ထုံးတမ်းအရ လုပ်ကိုင်ဆောင်ရွက်ပြီးတော့ သင်္ဂြီုဟ်လိုက်တာပါ ” ဟုပြောသည်။

အဆိုပါ ဟိန္ဒူဘာသာဝင် အလောင်းများအား ရှာဖွေ တွေ့ရှိခဲ့ခြင်းမှာ ARSA အကြမ်းဖက်သမားများ၏ တိုက်ခိုက်မှု လုပ်ရပ်များကြောင့် စစ်တွေမြို့သို့ နေရပ်စွန့်ခွာ ထွက်ပြေး ရောက်ရှိနေသည့် မောင်တောမြို့နယ်၊ လေးမိုင်ရွာနေ ဟိန္ဒူဘာသာဝင် ကူညီရေးခေါင်းဆောင် ဦးနီမော်လ် ထံသို့ ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ ရောက်ရှိနေသည့် ရဲဘော်ကျကျေးရွာနေ ဟိန္ဒူဘာသာဝင် အမျိုးသမီးတဦးက ဖုန်းဆက် အကြောင်းကြားချက်အရ ရှာဖွေ တွေ့ ရှိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

တူးဖော်တွေ့ရှိထားသော အလောင်းများနှင့်ပတ်သက်ပြီး စက်တင်ဘာလ ၂၇ ရက်နေ့တွင် အာဏာပိုင်များက ပြည်တွင်း ပြည်ပ သတင်းမီဒီယာများကို ခေါ်ယူပြသခဲ့သည်။

မောင်တောမြို့နယ် ခမောင်းဆိပ်မြို့ ရဲဘော်ကျ ဟိန္ဒူကျေးရွာနှင့် တောင်ဟိန္ဒူကျေးရွာသားများ ပျောက်ဆုံးနေရာခြင်းကို သိရှိပြီးနောက် သတင်းအရ စက်တင်ဘာလ ၂၄ ရက်နေ့မှ စတင်ပြီး အလောင်းများကို ရှာဖွေခဲ့ရာ စက်တင်ဘာလ ၂၄ ရက်နေ့က ၂၈ လောင်းနှင့် စက်တင်ဘာလ ၂၅ ရက်နေ့က ၁၇ လောင်း ပေါင်း ၄၅ လောင်း တွေ့ရှိခဲ့ခြင်း ဖြစ်သည်။

Did you find apk for android? You can find new Free Android Games and apps.
Loading