အမေရိကန်ပြည်ထောင်စု နီဗားဒါးပြည်နယ် လာ့စ်ဗီးဂက်စ်မြို့က ဂီတပွဲတော်တခုမှာ မနေ့ညက ပစ်ခတ်မှုဖြစ်ပွား ရာ အနည်းဆုံး လူ ၂၀ဦး သေဆုံးကာ ၁၀၀ခန့် ဒဏ်ရာရရှိခဲ့ကြောင်း CNN သတင်းက ဆိုပါတယ်။
မန္တလေးဘေလ် ကာစီနို ရုံအနီးက လေဟာပြင်မှာ ပြုလုပ်တဲ့ ဂီတပွဲတော်မှာ ပစ်ခတ်မှုဖြစ်ပွားခဲ့တာဖြစ် ပြီး မျက်မြင်သက်သေများရဲ့ အဆိုအရ ပစ်ခတ်သူဟာ အော်တိုမက်တစ် သေနတ်တလက်နဲ့ ရောက် ရှိလာပြီး ပေ ၂၀ခန့်အကွာမှ ပစ်ခတ်တာဖြစ်တာဖြစ်ကြောင်း၊ ဒဏ်ရာရသူများ သေဆုံးသူများ ထံမှ သွေးများဟာ နေရာအနှံမှာ တွေ့ရကြောင်း ဆိုပါတယ်။
ပစ်ခတ်မှုဖြစ်ပွားပြီးနောက်မှာ ရဲတပ်ဖွဲ့ရောက်ရှိလာသလို အာဏာပိုင်များကလည်း အဲ့ဒီနေရာတဝိုက် ကို ပိတ်ဆို့မှုပြုလုပ်ထားတယ်လို့ သိရပါတယ်။
ယခုနှစ်မေလအတွင်းက အင်္ဂလန်နိုင်ငံ မန်ချက်စတာမြို့က အားကစားရုံမှာ ပြုလုပ်တဲ့ အမေရိကန် အဆိုတော် အရီယာနာ ရဲ့ပွဲအပြီးမှာ ဗုံးပေါက်ကွဲမှုဖြစ်တဲ့အတွက် လူပေါင်း ၂၂ဦး သေဆုံးခဲ့ပါသေးတယ်။