သတင်းတို
ဟနွိုင်း-ဗုဒ္ဓဂယာ ပျံသန်းသည့်လေယာဉ် ချင်းမိုင်တွင် အရေးပေါ်ဆင်းသက်ရ
အရေးပေါ်ဆင်းသက်ခဲ့ရသည့် A 320အမျိုးအစားလေယာဉ် / Cheewin Sattha
ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့မှ အိန္ဒိယနိုင်ငံ ဗုဒ္ဓဂယာကို ပြေးဆွဲနေသော Jetstar Pacific လေကြောင်းလိုင်းမှ အဲယားဘတ်စ်အမျိုးအစား A 320 လေယာဉ်တစီးဟာ ခရီးဆောင်ပစ္စည်းများ ထားရာနေရာမှ မီးခိုးများ ထွက်လာသည့်အတွက် ချင်းမိုင်လေဆိပ်တွင် အရေးပေါ် ဆင်းသက်ခဲ့ရပါတယ်။
ဘုရားဖူးခရီးသည် ၁၈၁ဦးကို တင်ဆောင်လာတဲ့ အဆိုပါလေယာဉ်ဟာ နံနက် ၁၁နာရီ ၂၀မိနစ်ခန့်မှာ ချင်းမိုင်လေဆိပ် ကို အရေးပေါ်ဆင်းသက်ခွင့် တောင်းခံခဲ့ခြင်းဖြစ်ပြီး၊ ဆင်းသက်ပြီးတဲ့နောက်မှာ ခရီးသည်များ အားလုံးကို ရွေ့ပြောင်းပေးခဲ့ရတယ်လို့ သိရပါတယ်။
အစောပိုင်းသတင်းတွေအရ ဒီလေယာဉ်ဟာ ကလကတ္တားမြို့ကို ပျံသန်းဖို့ ဖြစ်တယ်လို့ သိရပါတယ်။