သတင်းတို

ဒေါ်အောင်ဆန်းစုကြည် ချက်နိုင်ငံ ခရီးစဉ်သွားဖြစ်မည်မဟုတ်

Want create site? Find Free WordPress Themes and plugins.

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် အောက်တိုဘာ လ ဒုတိယ အပတ်တွင် ချက် သမ္မတ နိုင်ငံကို ချစ်ကြည်ရေး ခရီးစဉ် သွားရောက်မည်ဖြစ်ကြောင်း ချက် နိုင်ငံ အခြေစိုက် သတင်းစာအချို့က ရေးသားနေကြ သော်လည်း နိုင်ငံတော် အတိုင်ပင်ခံရုံး ပြောခွင့်ရပုဂ္ဂိုလ် ဦးဇော်ဌေး ကတော့ အစကတည်းက သွားရန် ကတိပေးထားခြင်း မရှိဟုဆိုသည်။

ဦးဇော်ဌေး က “အစကတည်းက သွားမယ်လို့လည်း ကျနော်တို့ မပြောဘူးနော်။ သူတို့ကသာ စာတွေထုတ် ဘာတွေထုတ် လုပ်နေတာ။ ကျနော်တို့ အစိုးရဘက်က သွားမယ်လို့လည်း ပြောမထားဘူး။ မသွားဘူးလို့လဲ ပြောမထားဘူး” ဟု ဧရာဝတီသို့ ပြောဆိုသည်။

နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် ချက် သမ္မတ နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Lubomir Zaoralek ၏ ဖိတ်ကြားချက်အရ အောက်တိုဘာ ဒုတိယ အပတ်တွင် ချစ်ကြည်ရေး ခရီးစဉ် သွားရောက်မည်ဖြစ်ကြောင်း ထိုခရီးစဉ်တွင် ချက် သမ္မတ၊ ဝန်ကြီးချုပ်တို့ အပါအဝင် ထိပ်တန်း တာဝန်ရှိသူများနှင့် တွေ့ဆုံဖွယ်ရှိကြောင်း ချက် အခြေစိုက် သတင်းများက ဆိုထားသည်။

မြန်မာနိုင်ငံအတွင်း ရခိုင်ပြည်နယ်မြောက်ပိုင်းက ဘူးသီးတောင်၊ မောင်တော ဒေသများတွင် ARSA အကြမ်းဖက်အဖွဲ့များ ဝင်ရောက် တိုက်ခိုက်မှု ပြုလုပ်ပြီးနောက် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်သည် ကုလသမဂ္ဂ အထွေထွေ ညီလာခံ ခရီးစဉ်ကိုလည်း ဖျက်ခဲ့ရသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading