နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ ဘရူနိုင်း ဒါရုဆလမ်နိုင်ငံရဲ့ ဘုရင် ဆူလ်တန် ဟာဆာနယ်လ် ဘိုကီးယား မူအစ်ဇာဒင် ဝါဒူလာရဲ့ ဖိတ်ကြားချက်အရ မကြာမီ သွားရောက်မည်ဖြစ်ကြောင်း အစိုးရသတင်းကထုတ်ပြန် သည်။
ဘရူနိုင်း ဒါရုဆလမ်နိုင်ငံရဲ့ ဘုရင် ဆူလ်တန် ဟာဆာနယ်လ် ဘိုကီးယား မူအစ်ဇာဒင် ဝါဒူလာ၏ နန်းမွေဆက်ခံသည့် နှစ်(၅၀) ပြည့် ရွှေရတုအထိမ်းအမှတ်အခမ်းအနားသို့ တက်ရောက်ရန် ဖြစ်ကြောင်းသိရသည်။
ရခိုင်ပြည်နယ် မြောက်ပိုင်း ဘင်္ဂလီ အကြမ်းဖက်အဖွဲ့ ARSA ၏ တိုက်ခိုက်မှုများ ဖြစ်ပေါ်ခဲ့သည့်နောက်ပိုင်း ဒေါ်အောင် ဆန်းစုကြည်သည် ၇၂ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံကို တက်ရောက်ခြင်း မရှိခဲ့သလို အောက်တိုဘာလ ဒုတိယပတ်အတွင်း ချက်နိုင်ငံသို့ သွားရောက်မည်ဆိုသည့် သတင်းများလည်း ထွက်ပေါ်နေသော်လည်း မဟုတ်မှန် ကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံး ပြောခွင့်ရ ဦးဇော်ဌေးက ငြင်းဆိုခဲ့သည်။