သတင်းတို

မန္တလေး ပြည်ကြီးတံခွန် ဈေးနေရာ မြေကွက်လပ်တွင် လူသေအလောင်း တွေ့ရှိ

Want create site? Find Free WordPress Themes and plugins.

မန္တလေးခရိုင် ပြည်ကြီးတံခွန်မြို့နယ် (ဆ)ရပ်ကွက် အေးမေတ္တာလမ်းနှင့် ဗန္ဓုလလမ်းရှိ ဈေးနေရာ မြေကွက်လပ်တွင် အောက်တိုဘာ ၃ ရက် နံနက် ၁ နာရီ မိနစ် ၄၀ ခန့်က ထိုးသွင်း ဒဏ်ရာများဖြင့် သေဆုံးနေသော အမျိုးသား အလောင်း တလောင်းတွေ့ရှိကြောင်း နယ်မြေရဲစခန်းက ပြောသည်။

(ဆ)ရပ်ကွက်မှ အုပ်ချုပ်ရေးမှူး ဦးစိုးမင်းဟန်၏ ရဲစခန်းသို့ အကြောင်းကြားချက်အရ နယ်မြေရဲစခန်းမှ တာဝန်ရှိသူများက သက်သေများနှင့်အတူ သွားရောက် စစ်ဆေးခဲ့ရာ သေဆုံးသူသည် အမျိုးသားသည် (၂၄ နှစ်)ခန့် ဖြစ်၍ လည်ပင်း ဝဲဘက် ထိုးသွင်းဒဏ်ရာ ၁ ချက်၊ ဝမ်းဗိုက်ထိုးသွင်းဒဏ်ရာ၂ ချက်၊ နောက်ကျောကုန်း ထိုးသွင်း ဒဏ်ရာ ၁ ချက်၊ ဦးခေါင်း နောက် စေ့ ပေါက်ပြဲ ဒဏ်ရာ ၁ ချက်တို့ဖြင့် သေဆုံးနေခြင်း ဖြစ်ကြောင်း သိရသည်။

သေဆုံးသူသည် (ဆ)ရပ်ကွက်ဈေးအနီး အေးမေတ္တာလမ်းပေါ်ရှိ ဖိုးသားလေး ကွမ်းယာဆိုင်တွင် လွန်ခဲ့သည့် တလခန့်က လာရောက်ကာ ညအိပ်တည်းခိုလေ့ရှိပြီး မည်သူ မည်ဝါဖြစ်သည်ကို မသိရကြောင်း၊ နယ်မြေ ရဲတပ်ဖွဲအနေဖြင့် အမှုဖြစ်စဉ် နင့်ပတ်သက်ပြီး အမြန်ဆုံး ဖော်ထုတ်နိုင်ရေး အတွက် စုံစမ်းစစ်ဆေးမှုများ လုပ်ဆောင်နေကြောင်း ရဲတပ်ဖွဲ့ ကနဦး သတင်း များအရ သိရသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading