ပြင်သစ်နိုင်ငံ ပါရီမြို့ရှိ ဂျော်ဒန်စစ်သံမှူရုံး၏ ရှေ့တွင် မော်တော်ဆိုင်ကယ်တစီး ယနေ့မနက်က ပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ အနီးအနားရှိ ကားများ ထိခိုက်ခဲ့ကြောင်း Reuters သတင်းကဆိုသည်။
ထိုပေါက်ကွဲမှုနှင့် ပတ်သက်ပြီး ဂျော်ဒန်နိုင်ငံခြား ဝန်ကြီးဌာန ပြောခွင့်ရကလည်း အတည်ပြု ပြောကြားခဲ့ပြီး၊ မည်သည့်ဝန်ထမ်းမှ ထိခိုက်ဒဏ်ရာရမှုမရှိကြောင်းလည်း သိရသည်။
ပြင်သစ်ရဲကတော့ ပေါက်ကွဲမှုရဲ့ နောက်ကွယ်က အကြောင်းအရင်းကို ရှင်းရှင်းလင်းလင်းပြောဆိုခြင်း မရှိပေမယ့်၊ ဂျော်ဒန်စစ်သံမှူရုံးကို ရည်ရွယ်တိုက်ခိုက်တာလို့ မထင်ကြောင်း ပြောသည်။
ဒါပေမယ့် ပေါက်ကွဲမှုနှင့် ပတ်သက်ပြီး အမှုဖွင့်ထားကြောင်း သိရသည်။