ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲမွဲတေမှုတိုက်ဖျက်ရေးဆိုင်ရာ အာဆီယံဦးဆောင်ဆုကို မြန်မာနိုင်ငံ ကိုယ်စားပြုအဖြစ် မြန်မာသြဘာလုပ်ငန်းစုမှ အရပ်ဖက်အဖွဲ့အစည်းတခုဖြစ်သည့် Social Vision Services နှင့်အတူပူးတွဲကာရရှိခဲ့ကြောင်း သိရသည်။
အာဆီယံဦးဆောင်ဆုကို ဒေသတွင်း ပုဂ္ဂလိကကဏ္ဍ၏ ထူးခြားပြောင်မြောက်သည့် အောင်မြင့်မှုများ နှင့် ဖြည့်ဆည်းကူညီမှုများကို အသိအမှတ်ပြုသည့်အနေဖြင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲမွဲ တေမှု တိုက်ဖျက်ရေး အာဆီယံဝန်ကြီးများအစည်းအဝေးနှင့်တိုက်ဆိုင်ကာ ၂ နှစ်တကြိမ်ပေးအပ် လျှက်ရှိသည်။
မြန်မာသြဘာသည် သီနှံကာကွယ်ဆေးများ၊ ဓာတ်မြေသြဇာနှင့် စိုက်ပျိုးရေးဆိုင်ရာထုတ်ကုန်များ ဖြန့်ဖြူး လျှက်ရှိသည့် လုပ်ငန်းစုတခုဖြစ်ပြီး စိုက်ပျိုးရေးနှင့်ပတ်သက်သည့် နည်းပညာနှင့် အသိပညာ ပေးမှုများကို လည်း ဆောင်ရွက်ပေးလျှက်ရှိနေသည်။
ယခုကဲ့သို့ ဆုရရှိခြင်းအပေါ် ကျေးဇူးတင်ဂုဏ်ယူမိကြောင်းနှင့် စိုက်ပျိုးရေးကဏ္ဍတွင် အသိပညာပေးမှု များ ပြုလုပ်လျှက်ရှိသည့်အပြင် နိုင်ငံ၏ ဝေးလံခေါင်သီသော ဒေသများအတွက် သန့်ရှင်းသည့်ရေနှင့် လျှပ်စစ်ဓာတ်အားအသုံးပြုနိုင်ရန် စီမံကိန်းအချို့အား အကောင်းအထည်ဖော်လျှက်ရှိကြောင်း မြန်မာသြဘာက ထုတ်ပြန်ထားသည်။
“မြန်မာနိုင်ငံကျေးလက်ကဏ္ဍာရဲ့ အလားအလာကိုဖော်ထုတ်အသုံးချဖို့ လယ်သမားဗဟိုပြု သဘာဝ ပတ်ဝန်းကျင်အရ စဉ်ဆက်မပြတ်တဲ့ ကမ္ဘာလုံးဆိုင်ရာ တာဝန်ရှိတဲ့ မိတ်ဖက်ရွေးချယ်မှုတခုအဖြစ် ပုဂ္ဂလိကကဏ္ဍနဲ့ စိုက်ပျိုးရေးအသိုင်းအဝိုင်းကြား အားကောင်းတဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ မိတ်ဖက် ဆက်ဆံမှုတွေ ရှိဖို့လိုအပ် ပါတယ်”ဟု မြန်မာသြဘာလုပ်ငန်းစု တည်ထောင်သူနှင့် အမှုဆောင် အရာရှိချုပ် ဦးသတိုးဟိန်းက ပြောကြောင်း ၎င်းတို့၏ ကြေညာချက်တွင် ဖော်ပြထားသည်။