သတင်းတို

မိုးကြီးခြင်း လေပြင်းတိုက်ခြင်းများ နိုင်ငံအနှံ့တွင် ဖြစ်ပေါ်နိုင်ဟု မိုး/ဇလ သတိပေး

Want create site? Find Free WordPress Themes and plugins.

တောင်တရုတ် ပင်လယ်ပြင်တွင် ဖြစ်ပေါ်နေသော အပူပိုင်းမုန်းတိုင်းသည် အောက်တိုဘာ ၁၀ ရက်နေ့တွင် ဗီယက်နမ် နိုင်ငံ အလယ်ပိုင်း ကမ်းခြေများသို့ ဖြတ်ကျော်ဝင်ရောက်မည် ဖြစ်ပြီး ယင်းမုန်တိုင်း၏ အရှိန်ကြောင့် မြန်မာနိုင်ငံတဝှမ်းတွင် မိုးကြီးခြင်းနှင့် လေပြင်းတိုက်ခတ်ခြင်းများ ဖြစ်ပေါ်နိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက ထုတ်ပြန် ကြေညာထားသည်။

အဆိုပါ အပူပိုင်းမုန်တိုင်းသည် ဗီယက်နမ် အလယ်ပိုင်းကမ်းခြေများကို ဖြတ်ကျော်ပြီးနောက် အနောက်ဘက်သို့ ဆက်လက်ရွေ့လျားနိုင်ကြောင်း၊ ယင်း မုန်တိုင်း၏ အကြွင်းအကျန် တိမ်တိုက်များနှင့် အရှေ့ဘက်မှ တိုက်ခတ်လာသည့် လေပွေလှိုင်းများကြောင့် အောက်တိုဘာ ၁၀ မှ ၁၂ နေ့အတွင်း နေပြည်တော်၊ မန္တလေး၊ မကွေး၊ ပဲခူး၊ ရန်ကုန်၊ ဧရာဝတီ၊ တနင်္သာရီ စသည့် တိုင်းဒေသကြီးများနှင့် ရှမ်း၊ ကယား၊ ကရင်၊ မွန် စသည့် ပြည်နယ်များတွင် နေရာစိပ်စိပ်မှ နေရာ အနှံ့အပြား မိုးထစ်ချုန်းရွာနိုင်ပြီး ဒေသအလိုက် မိုးကြီးခြင်း၊ ရေကြီးခြင်းများ ဖြစ်ပေါ်နိုင်ကြောင်း၊ မြေပြင်လေသည် ၁ နာရီ မိုင် ၃၀ အထိ တိုက်ခတ်နိုင်ကြောင်း သိရသည်။

ကုန်းမြင့်ဒေသများတွင် နေထိုင်ကြသူများ အနေဖြင့် မြေပြိုမှု အန္တရာယ်၊ မြစ်/ချောင်းများအနီးတွင် နေထိုင်ကြသူများ အနေဖြင့် ရုတ်တရက်မြစ်ရေကြီးခြင်းနှင့် လေပြင်းတိုက်ခတ်ခြင်းများ ဖြစ်ပေါ်နိုင်သဖြင့် ကြိုတင်သတိပြုနိုင်ရန် နှိုးဆော်ထားပါသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading