သတင်းတို

B-1 အမေရိကန် ဗုံးကြဲလေယာဉ်များ ကိုရီးယားကျွန်းဆွယ်မှာ စစ်ရေးလေ့ကျင့်

အမေရိကန်လေတပ် B1-B အမျိုးအစား မဟာဗျူဟာ ဗုံးကြဲလေယာဉ် ၂စီးဟာ ကိုရီးယားကျွန်းဆွယ် ပေါ်ပျံသန်းကာ ဂျပန်၊တောင်ကိုရီးယား လေတပ်တို့နဲ့အတူ စစ်ရေးလေကျင့်ခဲ့ကြောင်းဆိုပါတယ်။

အဆိုပါ ဗုံးကြဲလေယာဉ်ကြီး ၂စီးဟာ ကျည်အစစ်များနဲ့ ပစ်ခတ်ကာ စစ်ရေးလေ့ကျင့်ခဲ့တာဖြစ်တယ် လို့ အမေရိကန်စစ်ဘက်ကို ကိုးကားပြီး Reuters သတင်းကဆိုပါတယ်။

ဂူအမ်ကျွန်း စစ်စခန်းကနေ ပျံသန်းလာတဲ့ အသံထက်မြန် အမေရိကန် ဗုံးကြဲလေယာဉ်တွေဟာ တောင်ကိုရီးယား F-15 K တိုက်လေယာဉ်တွေနဲ့ ပူးပေါင်းပြီး ဝေဟင်မှ မြေပြင်ပစ် ဒုံးပျံတွေကို သုံးကာ စစ်ရေးလေ့ကျင့်ခဲ့တာဖြစ်တယ်လို့ တောင်ကိုရီးယား စစ်ဘက်ကလည်း ထုတ်ပြန်ပါတယ်။

တောင်ကိုရီးယား ပူးတွဲစစ်ဦးစီးချုပ်က စစ်ရေးလေ့ကျင့်မှုဟာ ဂျပန်ပင်လယ်နဲ့ ပင်လယ်ဝါပေါ် ပြုလုပ် တာဖြစ်ပြီး၊ ပုံမှန်လေ့ကျင့်မှုရဲ့ တစိတ်တဒေသဖြစ်တယ်လို့ ဆိုပါတယ်။

ဒါဟာ မြောက်ကိုရီးယားရဲ့ နျူကလီးယားနဲ့ ဒုံးပျံစမ်းသပ်မှုနဲ့ ပတ်သက်ပြီး အမေရိကန်နဲ့ မဟာမိတ် များအတွက် တန်ပြန်ဖို့ အသင့်ရှိတယ်ဆိုတာကို ပြသလိုက်တာပဲ ဖြစ်တယ်လို့ သုံးသပ်ကြပါတယ်။

မြောက်ကိုရီးယားဟာ စက်တင်ဘာလဆန်းပိုင်းမှာ နျူကလီးယား စမ်းသပ်မှု ပြုလုပ်ခဲ့တဲ့အတွက် ကုလသမဂ္ဂက အရေးယူပိတ်ဆို့မှုအသစ်တွေ ပြုလုပ်ခဲ့တဲ့အတွက် စက်တင်ဘာ ၁၅ ရက်နေ့မှာ ဂျပန်နိုင်ငံပေါ်ကို ကျော်ကာ ဒုံးပျံပစ်လွှတ်တုံ့ပြန်ခဲ့ပါတယ်။

ကုလသမဂ္ဂက အရေးယူပိတ်ဆို့မှုအသစ်ကြောင့် တရုတ်နိုင်ငံက နိုင်ငံတွင်းရှိ မြောက်ကိုရီးယား ကုမ္ပဏီများအပါအဝင် ပူးတွဲလုပ်ဆောင်နေတဲ့ ကုမ္ပဏီတွေကို ရပ်ဆိုင်းဖို့ အမိန့်ထုတ်ခဲ့ပါတယ်။

မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအန်းကတော့ ပိတ်ဆို့မှုတွေ ရှိနေသော်လည်း နိုင်ငံရဲ့ စီးပွား ရေးဟာ ယခုနှစ်မှာ တိုးတက်လာတယ်လို့ သုံးသပ်ထားတာကို မြောက်ကိုရီးယားအစိုးရ ဗဟို သတင်း အေဂျင်စီက ဆိုပါတယ်။

Loading