သတင်းတို

ဗီယက်နမ်နိုင်ငံမှာ ရေကြီး မြေပြိုမှုတွေကြောင့် အနည်းဆုံး လူ ၅၄ဦးသေဆုံး

Want create site? Find Free WordPress Themes and plugins.

ဗီယက်နမ်နိုင်ငံမှာ ယခုအပတ်အတွင်း တိုက်ခတ်ခဲ့တဲ့ အပူပိုင်းဒေသမုန်တိုင်းကြောင့် ရေကြီး၊မြေပြိုမှု များဖြစ်ပေါ်ခဲ့ရာ အနည်းဆုံး လူ ၅၄ ဦးသေဆုံးခဲ့ပြီး ၃၉ဦး ပျောက်ဆုံးနေတယ်လို့ အာဏာပိုင်တွေက ယနေ့မှာ ပြောဆိုလိုက်ကြောင်း Bangkok Post သတင်းကဆိုပါတယ်။

သဘာဝဘေးအန္တရယ် စီမံခန့်ခွဲရေး အဖွဲ့ရဲ့ အစီရင်ခံစာအရ အင်္ဂါနေ့က ဗီယက်နမ်အလယ်ပိုင်းကို ဝင်ရောက်ခဲ့တဲ့ မုန်တိုင်းကြောင့် လူပေါင်း ၃၁ဦးသေဆုံးကာ အိမ်ခြေ ၃ထောင်ထက်မနဲ ပျက်စီးကာ ကောက်ပဲသီးနှံနှင့် ကျွဲနွားများ ဆုံးရှုံးခဲ့ရကြောင်း ထုတ်ပြန်ပါတယ်။

နိုင်ငံအလယ်ပိုင်းနှင့် မြောက်ပိုင်းဒေသတို့တွင် မိုးသည်းထန်စွာ ရွာသွန်းခဲ့သဖြင့် လမ်းပန်းဆက်သွယ် ရေးများ ပြတ်တောက်ကာ ကယ်ဆယ်ရေး လုပ်ရန် ခက်ခဲနေတယ်လို့လည်း ဆိုပါတယ်။

နိုင်ငံမြောက်ပိုင်း ယန်ဘိုင်းပြည်နယ်မှ သဘာဝဘေးအန္တရာယ်ဆိုင်ရာ တာဝန်ရှိသူ ငုယင်သီလျံရဲ့ ပြောကြားချက်အရ စစ်သားနဲ့ ရဲ ၅၈၀ တို့ဟာ ကယ်ဆယ်ရေးလုပ်ငန်းများ စတင်နေပြီဖြစ်ပြီး ဒေသခံ ၂ထောင်ကျော်မှာ ဘေးကင်ရာ ရောက်ရှိနေပြီဖြစ်သော်လည်း ၁၆ ဦးမှာ ပျောက်ဆုံးနေဆဲဖြစ်ကြောင်း ဆိုပါတယ်။

“ထရန်တူးခရိုင် တောင်ပိုင်းမှာ မြေပြိုပြီး ရေကြီးတာကြောင့် ကားလမ်း၊ ရထားလမ်းတွေ ပြတ်တောက် ကုန်တယ်၊ အတတ်နိုင်ဆုံးတော့ ရှာဖွေကယ်ဆယ်ရေးအဖွဲ့တွေကို ပျောက်နေတဲ့လူ ၁၆ဦးကို ရှာဖို့ ပို့ ထားတယ်”ဟု သူက ရှင်းပြပါတယ်။

ခနမ်လို့ အမည်ပေးထားတဲ့ အပူပိုင်းမုန်တိုင်းဟာလည်း ယနေ့နံနက်စောစောမှာ ဖိလစ်ပိုင်နိုင်ငံ မြောက်ပိုင်းရှိ လူဇုန်ကျွန်းကို ဝင်ရောက်ကာ တောင်တရုတ်ပင်လယ်ကိုဖြတ်ပြီး ဗီယက်နမ် နိုင်ငံဘက်ကို ဦးတည်ရွေ့လျားလာနေကြောင်း တနင်္ဂနွေနေ့နဲ့ တနင်္လာနေ့တွေမှာ ဝင်ရောက် လာနိုင်တယ်လို့ ဗီယက်နမ် မိုးလေဝသခန့်မှန်သူတွေက ဆိုပါတယ်။

အဲဒီ မုန်တိုင်းကြောင့် မိုးပိုမိုရွာကာ ယခင်သီတင်းပတ်ကတည်းက မိုးကြီးရေလျှံဖြစ်ပွားနေတဲ့ နိုင်ငံ အလယ်ပိုင်းနှင့် တောင်ပိုင်းဒေသတို့ကို ထပ်မံမိုးသည်းထန်စေမှာဖြစ်ပြီး ပျက်စီးဆုံးရှုံးမှု ပိုမိုဆိုးရွားစေ နိုင်တယ်လို့ ဆိုပါတယ်။

Did you find apk for android? You can find new Free Android Games and apps.
Loading