မလေးရှား ရဲတပ်ဖွဲ့က အကြမ်းဖက်သမားများကို အထူးစစ်ဆင်ရေးပြုလုပ်ပြီး ဖမ်းဆီးခဲ့ရာ ယခုနှစ် အတွင်း နိုင်ငံခြားသား အကြမ်းဖက် တိုက်ခိုက်ရေးသမား ၄၅ ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း ရဲတပ်ဖွဲ့ စစ်ဆေးရေးအရာရှိချုပ် တန်ဆရီ မိုဟာမက် ဖူဇီဟာရမ်က ဆိုပါတယ်။
ဖမ်းဆီးထားတဲ့ သူတွေကတော့ အဘူဆေယက်ဖ် အဖွဲ့(ASG)က ၉ ယောက်၊ တူရကီ ဖာတူလာအဖွဲ့မှ ၃ယောက်၊ IS အဖွဲ့နဲ့ ချိတ်ဆက်ထားတဲ့ အယ်ဘေးနီးယားလူမျိုးတဦးနဲ့ ကျန်သူတွေကတော့ ဘင်္ဂလားဒေ့ရှ် အကြမ်းဖက် အဖွဲ ဂျမာသူး မူဂျာဟီဒင်မှ ဖြစ်တယ်လို့ သိရပါတယ်။
ကျန် ၃၁ဦးကတော့ IS နဲ့ ပတ်သက်ပြီး၊ အီရတ်အပါအဝင်နိုုင်ငံစုံက လူတွေဖြစ်ကြောင်း၊ သူတို့ဟာ အီရတ် IS အဖွဲ့က ခေါင်းဆောင်ငယ်တွေဖြစ်တယ်လို့ ဆိုပါတယ်။
အကြမ်းဖက်သမားနှိမ်နင်းရေးကို မလေးရှားရဲတပ်ဖွဲ့ဟာ ဇန်နဝါရီလကနေ အောက်တိုဘာ ၆ရက်နေ့ အထိ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။
ဒီလိုဖမ်းဆီးမှုဟာ ကြိုတင်ပြင်ဆင်ပြီး ဖမ်းဆီးခဲ့တာဖြစ်ကြောင်း၊ ဖမ်းဆီးခံရသူတွေဟာ အရင်ကတော့ အီရတ်၊ ဆီးရီးယားမှာ အခြေစိုက်ပေမယ့် နောက်ပိုင်းမှာ ရှုံးနိမ်လာတဲ့အတွက် ထွက်ပြေးရောက်လာ တာဖြစ်ကြောင်း ဆိုပါတယ်။
မလေးရှားရဲတပ်ဖွဲ့အနေနဲ့ IS နဲ့ တခြားသော အကြမ်းဖက်အဖွဲ့အစည်းတွေအကြား ပူးပေါင်းဆောင် ရွက်မှုကို ရှာဖွေနေတယ်လို့လည်း ဆိုပါတယ်။