သတင်းတို

ဖြိုးကိုကိုတင့်ဆန်း ၏ ACE ရုံးခွဲမှ ပစ္စတိုတလက်နှင့် ကျည်များ ထပ်မံတွေ့

Want create site? Find Free WordPress Themes and plugins.

နေပြည်တော်ကောင်စီနယ်မြေ၊ ဒက္ခိဏ သီရိ မြို့နယ်၊ ရှုမဝလမ်းနှင့် ရွှေသပြေ ၁ လမ်းထောင့်ရှိ လေးလုံးတန်း အိမ်ရာတွင် ဖွင့်လှစ်ထားသည့် ACE ရုံးခွဲရှိ တီဗွီစင်၏ အံဆွဲထဲ၌ Glock ပစ္စတို လက်နက် အမျိုးအစားနှင့် ကျည်ရှစ်တောင့် ကို ယနေ့ နေ့လည် ၁၂ နာရီ အချိန်ခန့်က ထပ်မံတွေ့ရှိခဲ့ကြောင်း ဒက္ခိဏသီရိ မြို့မရဲစခန်းမှ သိရသည်။

ဒက္ခိဏသီရိ မြို့မရဲစခခန်းမှူး ဒုရဲမှူး မြင့်စိုးက “ဒက္ခိဏသီရိထဲမှာ သူတို့ ACE ရုံးဖွင့်ထားတဲ့ လေးလုံးတန်းအိမ်ရာမှာ အိမ်တလုံးလေ။ အဲဒီအိမ်ရဲ့ တီဗွီစင်ရဲ့ အံဆွဲထဲမှာ တွေ့တာပါ။ လက်နက် အမျိုးအစားကတော့ Glock အမျိုးအစားပစ္စတိုနဲ့ ကျည်ရှစ်တောင့်နဲ့ လက်နက်အမျိုးအစားက အတည်ပြုတုန်းပါ။ စုစုပေါင်း ၃ ကြိမ်မှာ ၁၇ လက် ဖမ်းဆီးရမိထားပါတယ်” ဟု ဧရာဝတီ သို့ အတည်ပြုပြောကြားသည်။

ACE ဟိုတယ် ပိုင်ရှင် ဖြိုးကိုကိုတင့်ဆန်း၊ ACE ရုံးအဖွဲ့မှ ရဲမင်းဆွေနှင့် ဇော်ဝင်းထိုက်တို့ ၃ ဦးကို အေလာရဲစခန်းတွင် မူးယစ်ပုဒ်မ ၂၁၊ ၂၂ (ခ)၊ လက်နက်ပုဒ်မ ၁၉(က)ဖြင့် လည်းကောင်း၊ ဖြိုးကိုကိုတင့်ဆန်း၊ ဖြိုးဗိုလ်ဗိုလ်(နေပြည်တော် FC ဘောလုံးအသင်း မန်နေဂျာ၊ စိုးမြင့်ကျော် (ACE ဟိုတယ် ရေ/မီးပြုပြင်ရေး၊ ချမ်းငြိမ်းအောင် (ACE ဟိုတယ်စားပွဲထိုး (၄)ဦး(ဖမ်းမိ)တို့ကို ၁၉၂၃ ခုနှစ် မြန်မာနိုင်ငံအစိုးရ လျှို့ဝှက်ချက်အက်ဥပဒေပုဒ်မ ၆(၁)(က)(င)၊ ပို့ကုန်/သွင်းကုန် ပုဒ်မ ၈ ၊ ဆက်သွယ်ရေး ပုဒ်မ ၆၇ တို့ဖြင့် သာကေတနယ် မြေရဲစခန်းတွင် ထပ်မံအမှုဖွင့်ထားကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။

ဆက်စပ်ဖတ်ရှုရန်-

ဖြိုးကိုကိုတင့်ဆန်းအမှု ပုဒ်မသုံးခု ထပ်တိုး
ဦးဖြိုးကိုကိုတင့်ဆန်း အမှုကြောင့် အတိုင်ပင်ခံ လုံခြုံရေး စိုးရိမ်ကြောင်း သူရ ဦးအောင်ကို ပြော

Did you find apk for android? You can find new Free Android Games and apps.
Loading