ဂျပန်နိုင်ငံကို ဝင်ရောက်တိုက်ခတ်တဲ့ “လန်” လို့အမည်ပေးထားတဲ့ တိုင်ဖွန်း မုန်တိုင်းကြောင့် မြို့တော် တိုကျိုမှာ ရေကြီး မြေပြိုမှုများရှိခဲ့ရာ လူ ၃ဦး သေဆုံးကာ ၉၀ခန့်ဒဏ်ရာ ရသွားတယ်လို့ သိရပါတယ်။
မနေ့က တိုက်ခတ်ခဲ့တဲ့ မုန်တိုင်း လန် ဟာ အသက်အန္တရာယ် ထိခိုက်လောက်အောင် လေရော မိုးပါ ကြီးခဲ့တဲ့အတွက် လေယာဉ်ခရီးစဉ်များစွာလည်း ပျံသန်းမယ့် ခရီးစဉ်တွေ ဖျက်လိုက်ရပါတယ်။
ရှီဇူအိုကာ ခရိုင်မှာ မြေပြိုမှုဖြစ်ခဲ့သလို ငါးဖမ်းသင်္ဘောတွေဟာလည်း မြစ်ရေလျံမှုကြောင့် ကမ်းပေါ်သို့ တင်ကုန်ပြီး၊ ကွန်တိန်နာ သင်္ဘော တစီးက သင်္ဘောသား ၁၉ဦးဟာလည်း ဒဏ်ရာရရှိခဲ့ပါတယ်။
တိုကျိုမြို့ မြောက်ဘက် ကီလိုမီတာ ၂၀၀ အကွာက ကိုရီယာမာမြို့မှာ လူပေါင်း ၈သောင်းခန့်ကို ပြောင်းရွေ့ရန် အမိန့်ထုတ်ခဲ့ရပြီး၊ အိမ်ရာပေါင်းများစွာလည်း ရေမြုပ်ခဲ့ပါတယ်။
မိုးလေဝသထုတ်ပြန်ချက်အရ မုန်တိုင်းဗဟိုချက်ဟာ တိုကျိုမြို့ရဲ့ အရှေ့မြောက်ဘက် ပစ္စဖိတ်သမုဒ္ဒ ရာကို ဗဟိုပြုကာ ဖြစ်ပေါ်ခဲ့ပြီးနောက်မှာ အရှေ့မြောက်ဘက်ကို တနာရီ ၇၄ ကီလိုမီတာနှုန်းဖြင့် ရွေ့လျားခဲ့တယ်လို့ ဆိုပါတယ်။