အင်ဒိုနီးရှားနိုင်ငံ တန်ဂါရန်မြို့က မီးကျည်မီးပန်းစက်ရုံတရုံ ယနေ့ပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ အလုပ် သမား ၄၇ ဦးသေဆုံးပြီး၊ အများအပြား ဒဏ်ရာရရှိသွားကြောင်း သိရသည်။
ပေါက်ကွဲမှုဖြစ်တဲ့ စက်ရုံဟာ လူနေထူထပ်တဲ့ အရပ်မှာ ရှိပြီး တန်ဂါရန် ကိုတာ ရဲတပ်ဖွဲ့ အကြီးအကဲ ပြောဆိုချက်အရ ၄၇ ဦးသေဆုံးပေမယ့် ပျောက်နေသူများ ရှိသေးသည့်အတွက် စာရင်းအတိအကျ မပြောနိုင်သေးကြောင်း သိရသည်။
ပေါက်ကွဲမှုဟာ လျှပ်စစ်မီး ချို့ယွင်းမှုကြောင့် ဟု ယုံကြည်ရသော်လည်း စုံစမ်းဆဲဖြစ်ကြောင်း ဆိုသည်။
ဒေသတွင်း မီဒီယာတွေရဲ့ ဖော်ပြချက်အရ ဒဏ်ရာရသူတွေကို ဆေးရုံ ၃ရုံမှာ ခွဲကာ ကုသနေရ ကြောင်း ဆိုသည်။
အဆိုပါ စက်ရုံတွင် အလုပ်သမား ၁၀၀ကျော်ရှိပြီး၊ စက်ရုံစတင်လည်ပတ်သည်မှာ လွန်ခဲ့သည့် ၂လခန့် ကဖြစ်ကြောင်း သိရသည်။
ပြီးခဲ့သည့် စက်တင်ဘာလကလည်း အိန္ဒိယနိုင်ငံက မီးကျည်မီးပန်း စက်ရုံတရုံ ပေါက်ကွဲခဲ့ရာ လူ အနည်းဆုံး ၈ဦးသေဆုံးကာ ၂၅ ဦး ဒဏ်ရာရရှိခဲ့သည်။