သတင်းတို

ကန်ပက်လက်မြို့အား ချယ်ရီမြို့တော်အဖြစ် ဖန်တီး၍ ခရီးသွားလုပ်ငန်း မြှင်တင်ရန် စီစဉ်နေ

Want create site? Find Free WordPress Themes and plugins.

ချင်းပြည်နယ် ကန်ပက်လက်မြို့၌ ချယ်ရီပင် ၁သောင်း စိုက်ပျိုးကာ ချယ်ရီပန်းမြို့တော်အဖြစ် ဖန်တီး၍ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းကို မြှင့်တင်ရန် ချင်းပြည်နယ်အစိုးရက စီစဉ်နေသည်။

ချယ်ရီပင် ၁သောင်းကို စိုက်ပျိုးမည့် စီမံကိန်းကို မြို့စီမံခန့်ခွဲရေးကော်မတီက ဦးဆောင်ပြီး စီမံကိန်းရေး ဆွဲနေခြင်းဖြစ်ပြီး၊ ပန်းပွင်ရန် အချိန် ၈နှစ်ခန့် ယူရမည်ဖြစ်သည့်အတွက် စနစ်တကျရေးဆွဲ လုပ်ဆောင် နေသည်ဟု သိရသည်။

ချင်းပြည်နယ်အစိုးရအဖွဲ့ စည်ပင်၊ လျှင်စစ်နှင့် စက်မှုလက်မှုဝန်ကြီး ဆလိုင်းအိုက်ဇက်ခင်က “ကန်ပက်လက် မြို့လှပသာယာရေး အဓိကတော့ ကျနော်တို့ ကန်ပက်လက်ကို ခရီးသွားလုပ်ငန်းမြို့အနေနဲ့ ဖြစ်နိုင်ဖို့ ဒါကို ရည်ရွယ်တာဖြစ်ပါတယ်”ဟု ပြောသည်။

ကန်ပက်လက်မြို့ရှိ လည်ပတ်စရာများမှာ ချင်းဘာသာဖြင့် ခေါ်နုသုမ်တောင်ဟုခေါ်သည့် နတ်မတောင် အမျိုး သားဥယျာဉ်ရှိသကဲ့သို့ ဒေသခံများ၏ ရိုးရာဓလေ့ထုံးစံများနှင့် တောင်ပေါ်ရှုခင်းများကို ကြည့်ရှုနိုင်သည်။

အဆိုပါ လည်ပတ်စရာ နေရာများကို အဆင့်မြင့်တင်နိုင်ရေး အပြင် ဟိုတယ်နှင့် ခရီးသွား လုပ်ငန်း ဖွံ့ဖြိုးရေး အတွက် ကန်ပက်လက်မြို့တွင် ချယ်ရီပန်းအပင်များကို စိုက်ပျိုးသွားမည်ဖြစ်သကဲ့သို့ ဟိုတယ်များကိုလည်း ထပ်တိုး ဆောက်လုပ်သွားမည် ဖြစ်ကြောင်း ချင်းပြည်နယ်အစိုးရအဖွဲ့မှ ဝန်ကြီး ဆလိုင်းအိုက်ဇက်ခင်က ပြော သည်။

လက်ရှိတွင် ကန်ပက်လက်မြို့တွင် ဟိုတယ် ၄ လုံးရှိပြီး ဧည့်သည်များ အဆင်ပြေပြေ တည်းခိုနိုင်ရန်အတွက် ဒေသခံ ကုမ္ပဏီများကို နောက်ထပ်ဟိုတယ်များ ဆောက်လုပ်ခွင့်ပေးသွားရန် စီစဉ်ထားကြောင်း ၎င်းက ပြော သည်။

ဟိုတယ်မည်မျှ ဆောက်လုပ်ခွင့် ပြုသွားမည်ကို ချင်းပြည်နယ်အစိုးရအဖွဲ့မှ ပြောကြားခြင်း မရှိသကဲ့သို့ ကန်ပက်လက်မြို့ဟိုတယ်နှင့်ခရီးသွား လုပ်ငန်း ဖွံ့ဖြိုးရေး စီမံကိန်းအတွက် ဘတ်ဂျက် မည်မျှ သုံးစွဲသွား မည် ဆိုခြင်းအပေါ် အစီအစဉ် ရေးဆွဲနေဆဲဖြစ်သည့်အတွက်ကြောင့် ပြောပြ နိုင်ခြင်းမရှိသေးကြောင်း ချင်းပြည်နယ် အစိုးရအဖွဲ့မှ ဝန်ကြီး ဆလိုင်းအိုက်ဇက်ခင်က ဆိုသည်။

ချင်းပြည်နယ်အတွင်း ခရီးသွား ဝင်ရောက်မှု နှုန်းသည် တနှစ်လျှင် နိုင်ငံတကာ ခရီးသွားနှင့် ပြည်တွင်း ခရီးသွား လူဦးရေ ၄ ထောင်မှ ၅ ထောင်ကြား ရှိကြောင်း၊ ပုဂံမှ ကန်ပက်လက်မြို့သို့ ကားဖြင့်လာပါက အချိန် ၄ နာရီသာ ကြာမြင့်ကြောင်း ချင်းပြည်နယ်အစိုးရအဖွဲ့မှ ပြောသည်။

ဧရာဝတီ သတင်းထောက် ချစ်မင်းထွန်းရေးသားပေးပို့သည်။

Did you find apk for android? You can find new Free Android Games and apps.
Loading