မြောက်ကိုရီးယားနိုင်ငံ ပန်ဂျီရိ နျူကလီးယားစမ်းသပ်ရေးစခန်းရှိ လှိုဏ်ခေါင်းတခုပြိုကျရာ လူ ၂၀၀ သေဆုံးသည်ဟု သတင်းများ ထွက်ပေါ်လာသည်။
ပြိုကျမှုမှာ အောက်တိုဘာ ၁၀ ရက်နေ့က ဖြစ်ပွားခြင်းဖြစ်ပြီး ပထမတကြိမ်ပြိုကျရာ လူ၁၀၀ခန့် ပိတ်မိ နေရာ ကယ်ဆယ်ရေးလုပ်ဆောင်စဉ် နောက်တကြိမ်ထပ်မံပြိုကျသည့်အတွက် လူ၁၀၀ခန့် နောက် ထပ် ပိတ်မိသေဆုံးခြင်းဖြစ်သည်ဟု ဂျပန်အခြေစိုက် အဆာဟိ ရုပ်သံက ယနေ့ဖော်ပြခြင်းဖြစ် သည်။
မြောက်ကိုရီးယားတို့ ဖုံးအုပ်ထားသည့် နျူကလီးယား စမ်းသပ်သည့် နေရာပြိုကျခဲ့ခြင်းကို တောင်ကိုရီးယား သတင်းဌာန ယွန်ဟပ်ကလည်း အတည်ပြုပြောကြားပြီး၊ ရေဒီယိုသတ္တိကြွမှုများ ဖြစ်ပွားမည်ကို စိုးရိမ်လျှက်ရှိကြောင်း ဖော်ပြသည်။
မြောက်ကိုရီးယားသည့် ပြီးခဲ့သည့် စက်တင်ဘာလအတွင်းက ပြင်းအား ၆.၃ မဂ္ဂနီကျု့ရှိ နျူကလီးယား စမ်းသပ်မှုကို နောက်ဆုံး ပြုလုပ်ခဲ့ခြင်းဖြစ်သည်။