အမေရိကန်နိုင်ငံ နယူးယောက်ခ်မြို့က မင်ဟတ်တန်ရှိ ပြိုကျသွားသည့် ကမ္ဘာ့ကုန်သွယ်မှု အဆောက် အအုံအနီးမှာ ထရပ်ကားတစီးက လူအုပ်ထဲကို ဝင်တိုက်တဲ့အတွက် ၈ဦးသေဆုံးပြီး ၁၁ဦး ဒဏ်ရာရရှိ သွားပါတယ်။
ပြီးခဲ့တဲ့ အင်္ဂါနေ့ ညနေ ဒေသစံတော်ချိန် ၃နာရီခန့်မှာ ထရပ်ကားတစီးက စက်ဘီးလမ်းထဲကို ဝင် ရောက်တိုက်ခိုက်ခဲ့တာဖြစ်ပြီး၊ ကားနဲ့ အတိုက်ခံရတဲ့အတွက် လူ ၆ဦးကတော့ နေရာမှာတင်ပွဲချင်း ပြီး သေဆုံးကာ ၂ဦးကတော့ ဆေးရုံ သေဆုံးသွားပါတယ်၊ နောက်ထပ် ဒဏ်ရာရသူ ၁၁ဦးကို အရေးပေါ် ကုသမှုခံယူဖို့ ဆေးရုံကို ပို့လိုက် ရပြီး၊ နယူးယောက်ခ် ရဲတပ်ဖွဲ့ အကြီးကဲ ဂျိန်းစ် အို နေးလ်ကတော့ အသက်အန္တရာယ် မစိုးရိမ်ရဘူးလို့ ပြောပါတယ်။
အဲဒီတိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး ရဲတပ်ဖွဲ့ ယာဉ်မောင်းကို ပစ်ခတ်ဖမ်းဆီးပြီး၊ အကြမ်းဖက်တိုက်ခိုက် မှုဟုတ် မဟုတ် စစ်ဆေးနေပြီး၊ FBI ကတော့ အကြမ်းဖက်တိုက်ခိုက်မှု တခုလို့သတ်မှတ်ကိုင်တွယ်နေ တယ်လို့ သိရပါတယ်။
ရဲတပ်ဖွဲ့ အဆိုအရ ယာဉ်မောင်းလို့ သံသယရှိသူဟာ အသက် ၂၉ နှစ်အရွယ်ရှိအမျိုးသား တဦးဖြစ်ပြီး၊ သူ့ထံမှနေ သံဘောစေ့ထည့်ပစ်ရတဲ့ သေနတ်ကို တွေ့ရတယ်လို့ သိရပါတယ်။
တခြားသတင်းတွေကတော့ ဖမ်းဆီးထားတဲ့ အဆိုပါအမျိုးသားဟာအာရှအလယ်ပိုင်းက ဥဇဘက် ကစ္စတန် လူမျိုးဖြစ်တယ် လို့ ဆိုပါတယ်။
CBS သတင်းဌာနကတော့ တိုက်ခိုက်မှုမှာ သံသယရှိသူဟာ ဖလော်ရီဒါပြည်နယ်မှ ဆေဖယ်လို ဟာဘီဘူလာ အီဗစ် ဆိုင်ပေါ့ဗ် ဖြစ်တယ်လို့ ဆိုပါတယ်။
အမည်မဖော်လိုသူ ရဲအရာရှိတဦးကတော့ ဒီတိုက်ခိုက်မှုဟာ အကြမ်းဖက်တိုက်ခိုက်မှုဖြစ်နိုင်တယ်လို့ ဆိုကြောင်း Reuters သတင်းကဆိုပါတယ်။
အဆိုပါ သံသယရှိသူကို အချုပ်သို့ ဖမ်းဆီးခေါ်ဆောင်ခြင်း မပြုမီမှာ အာရပ်ဘာသာဖြင့် “အလက္က ဘာ”(ဘုရားသခင်က ကြီးမြတ်သူဖြစ်တယ်)လို့ အော်ဟစ်သွားကြောင်း Fox သတင်းဌာနနဲ့ CNN သတင်းဌာနက ဖော်ပြပါတယ်။