သတင်းတို

ဆော်ဒီ လေကြောင်းထိုးစစ်ကြောင့် ယီမင်တွင် လူ ၂၆ ဦးသေ

ဆော်ဒီအာရေးဗီးယားဦးဆောင်သော မဟာမိတ်များ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ယီမင်နိုင်ငံ မြောက်ပိုင်း ဆာဒါး ပြည်နယ်တွင် ဗုဒ္ဓဟူးနေ့ လူ ၂၆ ဦးသေဆုံးသည်ဟု ယီမင်ကျန်းမာရေး ဝန်ကြီး ဌာနက တရားဝင်ပြော ကြားသည်။

သို့သော် Reuters သတင်းကမူ မျက်မြင်သက်သေတဦးကို ကိုးကား၍ ၂၁ဦးသေဆုံးကြောင်း ဆိုသည်။

ထိုတိုက်ခိုက်မှုသည် ဆော်ဒီအာရေးဗီးယားနယ်စပ် ဆာဟာခရိုင်ရှိ ဈေးတခုကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး၊ သေဆုံးသူများတွင် ကလေးများလည်း ပါဝင်ကြောင်း၊ ဒဏ်ရာသူမှာ ၉ဦးရှိကြောင်း သိရသည်။

၉ဦးမှာ အပြင်းထန် ဒဏ်ရာရရှိ သွားကြောင်းသိရသည်။

ဆာဒါးပြည်နယ်သည် ရှီးယိုက်ဘာသာဝင် ဟူသီသူပုန်တို့၏ အဓိကပြည်နယ်တခုဖြစ်သည်။

Loading