ထိုင်းနိုင်ငံ အူဘွန် ရာချဋ္ဌာနီ ပြည်နယ်က အသက် ၆၅နှစ် အရွယ် ဆွန်ပေါင် ချွန်ဖူပရာဖက် ဆိုတဲ့ အမျိုးသမီးကြီးတဦးဟာ ချစ်သူအလိုရှိကြောင်း နေအိမ်အပေါက်မှာ ဆိုင်းဘုတ်ချိတ်ဆွဲကာ ကြော်ငြာ ထားတယ်လို့The Naiton သတင်းမှာ ရေးသားထားပါတယ်။
သူမဟာ အရင်ဂျာမန်လူမျိုးနဲ့ လက်ထပ်ခဲ့ပေမယ့် နောက်ပိုင်းကွာရှင်းပြီးနောက် အထီးကျန်ဖြစ် လာတာကြောင့် အငြိမ်းစားအရွယ် ချစ်သူတဦး အလိုရှိတယ်လို့ ကြော်ငြာလိုက်တာဖြစ်ပါတယ်။
ဆိုင်းဘုတ်မှာတော့ “အသက် ၆၀ နဲ့ ၇၀ အကြား၊ သဘောကောင်း၊ ရိုးသား ကျန်းမာရေး ကောင်းတဲ့ ချစ်သူ အလိုရှိတယ်”လို့ ရေးသားထားပါတယ်။
အမျိုးသမီးကြီး ဆွန်ပေါင်ဟာ ပထမဆုံး ထိုင်းလူမျိုး လေတပ်အရာရှိတဦးနဲ့ အိမ်ထောင်ကျပြီး သားသမီး ၂ ဦး ထွန်းခဲ့ပေမယ့် ခင်ပွန်းဟာ အသောက်အစားမက်ပြီး မကြာမကြာ စကားများတာ ကြောင့် ကွာရှင်းပြီး၊ ဒုတိယအကြိမ် ဂျာမန်လူမျိုးနဲ့ လက်ထပ်ကာ ဂျာမနီကို လိုက်ပါကာ ၁၃နှစ် ကြာအောင် နေထိုင်ခဲ့ပါတယ်။
နောက်ပိုင်း ထိုင်းနိုင်ငံကို ပြန်လာကာ တဦးတည်း နေထိုင်ခဲ့ပြီး ဘဝနောက်ဆုံးအချိန်တွေမှာ တစုံတဦးနဲ့ အတူနေလိုတဲ့ ရည်ရွယ်ချက်ဖြစ်တယ်လို့ သိရပါတယ်။
ကြော်ငြာပြီးနောက် လူ ၂ဦး လာရောက်လျှောက်ထားခဲ့ပေမယ့် ၂ဦးလုံးကို ငြင်းခဲ့ပြီး သင့်တော်သူကို ဆက်လက်စောင့်မျှောင်နေတယ်လို့ သိရပါတယ်။