သတင်းတို

အိန္ဒိယ ဓာတ်အားပေးစက်ရုံပေါက်ကွဲမှု သေဆုံးသူ ၂၆ဦးအထိ မြင့်တက်လာ

Want create site? Find Free WordPress Themes and plugins.

အိန္ဒိယနိုင်ငံ မြောက်ပိုင်း ဥတာပရာဒက်ရှ် ပြည်နယ် အန်ချာဟာဒေသက မီဂါဝပ် ၅၀၀ ထုတ်လုပ်နိုင် တဲ့ အပူစွမ်းအင်သုံး ဓာတ်အားပေးစက်ရုံ ပေါက်ကွဲမှု၌ သေဆုံးသူ ၂၆ ဦးအထိ မြင့်တက်လာ တယ်လို့ Bangkok Post သတင်းက ဆိုပါတယ်။

ဗုဒ္ဓဟူးနေ့ နှောင်းပိုင်းက ဗွိုင်လာအသစ်လဲလှယ်ပြီးနောက်မှာ ကျောက်မီးသွေးကို မီးရှို့ရာက ထွက် လာတဲ့ ပြာတွေကို သယ်ဆောင်ပေးတဲ့ ပိုက်လိုင်းတခု ပေါက်ကွဲမှု ဖြစ်ခဲ့ခြင်းဖြစ်ပါတယ်။

ပေါက်ကွဲမှုကနေ ပြာပူတွေ မှုတ်ထုတ်တဲ့အတွက် ကိုယ်ခန္ဓာပေါ် ကျရောက်တာကြောင့် အလုပ်သမား ၆၀ခန့်ရှိ ဒဏ်ရာရရှိခဲ့ရာ နောက်ထပ်သေဆုံးသူဦးရေ မြင့်တက်လာနိုင်သေးတယ်လို့ သိရပါတယ်။

မတော်တဆဖြစ်ပွားမှုရဲ့ အကြောင်းအရင်းကို ချက်ခြင်းမသိရသေးသလို၊ ပေါက်ကွဲမှုဖြစ်ချိန်မှာ စက်ရုံမှာ အလုပ်သမားဘယ်နှစ်ယောက် အလုပ်ဆင်းနေသလဲဆိုတာကိုလည်း ရှင်းရှင်းလင်းလင်း မသိရ သေးဘူးလို့ ဆိုပါတယ်။

မျက်မြင်သက်သေများကတော့ ကြီးမားတဲ့ ပေါက်ကွဲမှုကြီးတခုဖြစ်ခဲ့ပြီးနောက်မှာ မီးခိုးလုံးတွေဟာ လည်း ထွက်လာတယ်လို့ ဆိုတာပါတယ်။

ယနေ့မှာတော့ ကယ်ဆယ်ရေးလုပ်ငန်းတွေကို ရပ်ဆိုင်းလိုက်ပြီဖြစ်ပြီး စုံစမ်းစစ်ဆေးရေးတွေ လုပ်ကိုင် နေပါပြီ။

အိန္ဒိယမှာ စက်မှုလက်မှုလုပ်ငန်းတွေမှာ မတော်တဆမှုတွေဟာ ပုံမှန်လိုလို ဖြစ်လေ့ရှိပြီး၊ လုံခြုံမှုနဲ့ ပတ်သက်ရင်လည်း အားနည်းတယ်လို့ သိရပါတယ်။

Did you find apk for android? You can find new Free Android Games and apps.
Loading