သတင်းတို

အမေရိကန်၌ ပစ်ခတ်မှုဖြစ်ပွား အနည်းဆုံး ၂၆ ဦးသေဆုံး

အမေရိကန်ပြည်ထောင်စု တက္ကဆက်ပြည်နယ် ဆူသလန်း စပရင်းမြို့မှာတဲ့ ရှိ ဘုရားရှိခိုးကျောင်း အတွင်းသို့ မနေ့က လူတဦးမှ သေနတ်ဖြင့် ဝင်ရောက်ပစ်ခတ်ရာ လူ ၂၆ ဦးထက်မနဲ သေဆုံးကာ ၂၀ကျော် ဒဏ်ရာရရှိသွားပါတယ်။

ဝတ်ပြုဆုတောင်းချိန်မှာ လာရောက်ပစ်ခတ်ခြင်းဖြစ်ပြီး သေနတ်သမားမှာလည်း သေဆုံးသွားတယ်လို့ သိရပါတယ်။

ဒေသဆိုင်ရာ ညွှန်ကြားရေးမှူး ဖရီးမန်းမာတင်ရဲ့ အဆိုအရ သေနတ်သမားဟာ ဘုရားကျောင်းထဲ ဝင်ရောက်ကာ မပစ်ခတ်မီ အပြင်ဘက်မှာလည်း ပစ်ခတ်ခဲ့ကြောင်းသိရပါတယ်။

မျက်မြင်သက်သေများကတော့ တနင်္ဂနွေနေ့ နံနက် ၁၁နာရီ ခွဲခန့်တွင် ဘက်ပတစ်ဘုရားကျောင်း အတွင်းသို့ လူတဦး လမ်းလျှောက် ဝင်သွားပြီးနောက်မှာ ပစ်ခတ်မှုတွေဖြစ်တယ်လို့ ဆိုပါတယ်။

သံသယရှိဖွယ် အချက်မှာ သေနတ်သမားမှာ အဆောက်အဦ ပြင်ပသို့ ထွက်ခွာချိန် တခြားတဦးက သေနတ်သမား ကိုင်ဆောင်သည့် သေနတ်ကို လွှတ်ချခိုင်းပြီး ထွက်ပြေးနိုင်ရန် ကူညီခဲ့သည့်အတွက် ပူးပေါင်းကြံစည်မှုရှိတယ်လို့ ပြောဆိုမှုတွေရှိနေပါတယ်။

သေနတ်သမားဟာ အခင်းဖြစ်ပွားရာ နေရာမှ ယာဉ်တစီးနဲ့ လွတ်မြောက်သွားပြီးနောက်မှာ လိုက်လံ ဖမ်းဆီးရာ ကားမှောက်ပြီး ကားထဲတွင် သေနတ်သမား သေဆုံး နေတာကို တွေ့ရတယ်လို့ ဆိုပေမယ့် သေဆုံးရခြင်း အကြောင်းကို ရှင်းရှင်းလင်းလင်းမသိရသေးဘူးလို့ ဒေသဆိုင်ရာ ညွှန်ကြားရေးမှူး ဖရီးမန်း မာတင်ကဆိုပါတယ်။

ဒါပေမယ့် FBI ကတော့ သေနတ်သမား ဘာကြောင့် ပစ်ခတ်တယ်ဆိုတာကို စုံစမ်းနေတယ်လို့ ဆိုပါ တယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၂ရက်နေ့ကလည်း လာ့စ်ဗီးဂက်စ်မြို့က ဂီတပွဲတခုမှာ ပစ်ခတ်မှုဖြစ်ပွားရာ အနည်းဆုံး လူ ၂၀ကျော်သေဆုံးသွားသလို၊ အောက်တိုဘာ ၃၁ ရက်နေ့ကလည်း နယူးယောက်ခ် မြို့ အကြမ်းဖက်သမားတဦးက ကားနဲ့တိုက်ရာ လူ ၈ဦးသေဆုံးသွားပါတယ်။

Loading