နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ ဗီယက်နမ်မှာ ကျင်းပမယ့် အာရှ- ပစ္စဖိတ် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု(APEC) ထိပ်သီးအစည်းအဝေးနဲ့ ဖိလစ်ပိုင်နိုင်ငံမှာ ကျင်းပမယ့် အာဆီယံထိပ်သီးအစည်းအဝေးတွေကို တက်ရောက်မယ်လို့ အစိုးရသတင်းကဆိုပါတယ်။
လာမယ့် နိုဝင်ဘာ ၁၁ရက်နေ့မှ ၁၂ရက်နေ့အထိ ဗီယက်နမ်နိုင်ငံ ဒါနန်းမြို့မှာ ကျင်းပမယ့် အာဆီယံ ခေါင်းဆောင် များနဲ့ အာရှ- ပစ္စဖိတ်စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု(APEC) အဖွဲ့ဝင်နိုင်ငံ ခေါင်းဆောင် များ သီးသန့်တွေ့ဆုံပွဲကို တက်ရောက်ဖို့ ဗီယက်နမ်သမ္မတ ထရန် ဒိုင်ကွမ်က ဖိတ်ကြားခဲ့တာဖြစ်ပါ တယ်။
အလားတူ နိုဝင်ဘာ ၁၃ရက်နေ့မှ ၁၇ရက်နေ့အထိ ဖိလစ်ပိုင်နိုင်ငံမှာ ကျင်းပမယ့် အာဆီယံထိပ်သီး အစည်းအဝေးကို တက်ရောက်ဖို့ သမ္မတ ဒူတာတေးက ဖိတ်ကြားခဲ့တာဖြစ်တယ်လို့ အစိုးရသတင်း က ဆိုပါတယ်။
အေပက်ညီလာခံကို အမေရိကန်သမ္မတ ဒေါ်နယ်ထရမ်နဲ့ ရုရှားသမ္မတ ပူတင်တို့အပြင် တခြားသော နိုင်ငံခေါင်းဆောင်များ တက်ရောက်မယ်လို့ သိရပါတယ်။
နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ ပြီးခဲ့တဲ့ စက်တင်ဘာလအတွင်းက ပြုလုပ်ခဲ့တဲ့ ၇၂ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံကို တော့ တက်ရောက်ခဲ့ခြင်းမရှိပါဘူး။