သတင်းတို

ဆော်ဒီ အဂတိလိုက်စားမှု တိုက်ဖျက်ရေး လူပေါင်း ၂၀၀ကျော် ဖမ်းဆီးထား

Want create site? Find Free WordPress Themes and plugins.

ဆော်ဒီအာရေးဗီးယားနိုင်ငံမှာ အိမ်ရှေ့မင်းသား မိုဟာမက် ဘင် ဆယ်လ်မန် ခေါင်းဆောင်ပြီး အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ဆောင်ရွက်နေရာ လူပေါင်း ၂၀၀ကျော်ကို ဖမ်းဆီးစစ်ဆေးနေတယ်လို့ သိရပါတယ်။

အဂတိလိုက်စားမှုကို အမြစ်ပြတ် တိုက်ဖျက်ဖို့ နဲ့ အလွဲသုံးစား လုပ်ထားတဲ့ ငွေတွေကို ပြန်သိမ်းဖို့ ရည်ရွယ်လုပ်ဆောင်တာ ဖြစ်တယ် လို့ ဆော်ဒီအာရေးဗီးယား အစိုးရရဲ့ မနေ့က ထုတ်ပြန်ချက်က ဆိုပါတယ်။

အမေရိကန်ဒေါ်လာ ဘီလျှံ ၁၀၀ ခန့်ကို ဆယ်စုနှစ်ပေါင်းများစွာ စနစ်တကျ အလွဲသုံးစားပြုလုပ်ခံ ခဲ့တယ်လို့ ဆော်ဒီအာရေးဗီးယား အစိုးရအနေနဲ့ ယုံကြည်ကြောင်း ရှေ့နေချုပ် ရှိတ်ခ် အယ် မိုဂျက်ဘ် ကဆိုပါတယ်။

ဆော်ဒီအာရေးဗီယား အစိုးရဟာ အဂတိတိုက်ဖျက်ရေး အကြောင်းပြချက်နဲ့ တော်ဝင်မိသားစုဝင် တချို့နဲ့ အရေးပါတဲ့မင်းသားများ၊ စီးပွားရေး လုပ်ငန်းရှင်ကြီးများနဲ့ မီဒီယာ လုပ်ငန်းရှင်များကို ဖမ်းဆီး မှုပြုလုပ်ခြင်းနှင့် ပတ်သက်ပြီး ဆော်ဒီအိမ်ရှေ့မင်းသား မိုဟာမက် ဘင်ဆယ်လ်မန်ရဲ့နိုင်ငံရေး အာဏာထိန်းချုပ်ဖို့ ကြိုးစားတာဖြစ်တယ်လို့လည်း ဝေဖန်မှုတွေထွက်ပေါ်နေပါတယ်။

ဆော်ဒီအစိုးရက အဂတိလိုက်စားမှုများနဲ့ ပတ်သက်ပြီး အသေးစိတ်ကြေညာချက် ထုတ်ပြန်ခဲ့သလို မထုတ်ပြန်ရသေးသည့် အချက်အလက်များ ရှိနေသေးတယ်လို့ သိရပါတယ်။

ဆော်ဒီအာရေဗီးယား ရှေ့နေချုပ် က ဒီအမှုတွေနဲ့ ပတ်သက်ပြီး လူပေါင်း ၂၀၈ ဦးကို မေးမြန်းဖို့ ဆင့်ခေါ်ခဲ့သလို ၇ဦးကိုတော့ အရေးမယူပဲ ပြန်လွှတ်လိုက်ပါတယ်။ အဂတိလိုက်စားမှုတွေနဲ့ ပတ်သက်လို့ ဆော်ဒီအစိုးရဟာ ၃နှစ်ကြာ စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်ပြီးနောက် သက်သေသက္ကာယ အများအပြား ရရှိတဲ့နောက် ဖမ်းဆီးမှုတွေ စတင်ခဲ့တာလို့ သိရပါတယ်။

ဆော်ဒီအာရေးဗီယား မင်းသား ၁၁ဦးဟာလည်း ဖမ်းဆီးခံထားရပြီး၊ ထင်ရှားတဲ့ ရင်းနှီးမြုပ်နှံသည့် စီးပွားရေးလုပ်ငန်းရှင် အယ်ဝါလီဒ် ဘင် တာလယ်နှင့် ယခင်ဘုရင် အဗ္ဗဒူလာ၏ သားဖြစ်သူ အမျိုးသား လုံခြံရေး တပ်ဖွဲ့ အကြီးအကဲ မူတိုက်ဘ် ဘင် အဗ္ဗဒူလာ တို့လည်း ပါဝင်သည်။

ယခုကဲ့သို့ အဂတိလိုက်စားမှု တိုက်ဖျက်ရေးလုပ်ဆောင်နေသည်မှာ စီးပွားရေး လူမှုရေးပြုပြင်ပြောင်း လဲမှု၏ တစိတ်တဒေသဖြစ်ပြီး နိုုင်ငံတကာ ရင်းနှီးမြုပ်နှံသူများ ကို ဆွဲဆောင်နိုင်ရန်အတွက် လုပ်ဆောင်တာဖြစ်တယ်လို့ ဆော်ဒီအာရေဗီးယား အစိုးရကဆိုပေမယ့် လေ့လာသူတွေကတော့ နိုင်ငံတကာ ကုမ္ပဏီများ၊ ရင်းနှီးမြှပ်နှံသူများအနေနဲ့ ဖမ်းဆီးမှုတွေကို ကြောက်ရွံစိုးရိမ်မှာ မလွဲဘူးလို့ လေ့လာသူတွေကဆိုပါတယ်။

Did you find apk for android? You can find new Free Android Games and apps.
Loading