ရခိုင်မြောက်ပိုင်း ဖြစ်ရပ်များနှင့် ပတ်သက်ပြီး မြန်မာအစိုးရအပေါ် ပြစ်တင်ဝေဖန်မှုများ ထွက်ပေါ်နေ ချိန်တွင် တရုတ် နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်သို့ သွားရောက်လည်ပတ် မည်ဖြစ်သည်။
နိုဝင်ဘာ ၁၇ ရက်နေ့မှ ၂၁ရက်နေ့အထိ နေပြည်တော်တွင် ပြုလုပ်မည့် အာဆမ်ခေါ် အာရှ- ဥရောပ နိုင်ငံခြားရေး ဝန်ကြီး များ တွေ့ဆုံပွဲသို့ တက်ရောက်ရန်ဖြစ်ပြီး၊ လက်ရှိဖြစ်ပေါ်နေသည့် ရခိုင် မြောက်ပိုင်း အရေးနှင့် ပတ်သက်၍ ဆွေးနွေးခြင်း ရှိမရှိ ထုတ်ဖော်ပြောဆိုခြင်းမရှိသေးပေ။
ပြီးခဲ့သည် သြဂုတ်လ ၂၅ ရက်နေ့က ARSA အကြမ်းဖက်အဖွဲ့က ရခိုင်ပြည်နယ်စပ်ရှိ အစိုးရ ကင်း စခန်းများကို တိုက်ခိုက်ခဲ့ သည့်အတွက် မြန်မာတပ်မတော်က နယ်မြေရှင်းလင်းရေး ပြုလုပ်ရာ မွတ်စလင် ၆သိန်းခန့် ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေး နေ ခြင်းနှင့် ပတ်သက်၍ ကုလသမဂ္ဂ လူ့အခွင့် အရေး ကောင်စီ အကြီးအကဲက ထိုနယ်မြေရှင်းရေး လုပ်ဆောင်များနှင့် ပတ် သက်၍ လူမျိုးစု သုတ်သင်ရှင်းလင်းခြင်းဟု စွပ်စွဲသော်လည်း မြန်မာအစိုးရကမူ ငြင်းဆိုထားသည်။
တရုတ်နိုင်ငံကမူ မြန်မာ အစိုးရ၏ တည်ငြိမ်ရေးကို ကာကွယ်ရန် အားထုတ်မှုများကို ထောက်ခံသည်ဟုပြောသည်။
နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့လည်း သွားရောက်ကာ နှစ်နိုင်ငံ ဆက်ဆံ ရေးနှင့် ဒေသတွင်း အပြန်အလှန် စိုးရိမ်ပူပန်မှုများနှင့် ပတ်သက်၍ အမြင်ချင်း ဖလှယ်မည်ဟုလည်း တရုတ်နိုင်ငံခြားရေး ဝန်ကြိးဌာန ပြောခွင့်ရ ကန်စွမ်းက သတင်းထောက်များကို ပြောသည်။
တရုတ်နိုင်ငံသည် မြန်မာအပေါ် နှစ်ပေါင်းများစွာ နီးကပ်သည့် စီးပွားရေးနှင့် သံတမန်ဆက်ဆံမှုများ ရှိသော်လည်း အရပ် သားအစိုးရလက်ထက်တွင် အမေရိကန်အပါအဝင် အနောက်နိုင်ငံများနှင့် မကြာသေးမီနှစ်များက ပိုမိုထိတွေ့ ဆက်ဆံလာသည်။
ပြီးခဲ့သည့် နိုဝင်ဘာ ၁၅ရက်နေ့က အမေရိကန်နိုင်ငံခြားရေး ဝန်ကြီး ရက်ဇ် တေလာဆန်သည်လည်း မြန်မာနိုင်ငံသို့ လာရောက်ကာ မြန်မာစစ်တပ်၏ လူအခွင့်အရေးချိုးဖောက်မှု ရှိသည်ဆိုသော စွပ်စွဲ ချက်များနှင့် ပတ်သက်၍ စုံစမ်းမှု ပြုလုပ်ရန် တောင်းဆိုခဲ့သည်။