၆.၉ မဂ္ဂနီကျု့ ရှိ အင်အားပြင်းထန်သည့် ငလျင်တခု အိန္ဒိယနယ်စပ် တရုတ်နိုင်ငံ တိဗက်ဒေသ နင်ချီခရိုင်မှာ ယနေ့နံနက် ဒေသ စံတော်ချိန် ၆နာရီ ၃၄ မိနစ် စောစောပိုင်းက လူပ်ခတ်သွားကြောင်း တရုတ်ငလျင်ကွန်ရက်ဗဟိုဌာနက ထုတ်ပြန်ပါတယ်။
နိုင်ငံပိုင် ဆင်ဟွာ သတင်းရဲ့ ဖော်ပြချက်အရ မြေအောက် ၁၀ ကီလိုမီတာအနက်မှာ လှုပ်ခတ်ခဲ့ခြင်းဖြစ်ပြီး၊ ၅ မဂ္ဂနီကျု့ရှိ နောက်ဆက်တွဲ ငလျင်လည်း ပီကင်းစံတော်ချိန် ၈နာရီ ၃၁မိနစ်မှာ လှုပ်ခတ်ခဲ့တယ်လို့ သိရပါတယ်။
ဒီဒေသမှာ လူဦးရေ ၂သိန်းခန့် နေထိုင်ပြီး အပျက်အစီးနဲ့ အသေအပျောက်စာရင်း မသိရသေးပါဘူး။