သတင်းတို

ဘတ် ၁၀ သန်းဖိုး ရွှေဆိုင် ဓားပြတိုက်သူများ ထိုင်းရဲ ရှာဖွေနေ

Want create site? Find Free WordPress Themes and plugins.

ထိုင်းနိုင်ငံ ချွန်ဘူရီပြည်နယ် Tesco Lotus ကုန်တိုက်ရှိ ရွှေဆိုင်တဆိုင်ကို လူ ၃ဦး ဝင်ရောက် ဓားပြတိုက်ရာ ဘတ် ၁၀သန်း တန်ဖိုးရှိ ရွှေများကို ယူဆောင်သွားကြောင်း၊ အဆိုပါ ဓားပြ ၃ဦးကို ရဲတပ်ဖွဲ့က လိုက်လံရှာဖွေနေကြောင်း Bangkok Post သတင်းကဆိုသည်။

ယင်းဓားပြ ၃ဦးသည် ည ၇နာရီခန့်တွင် အနက်ရောင်ဝတ်စုံများကို ဝတ်ဆင်ကာ ဆိုင်ကယ်စီး ဦးထုတ် များကို ဆောင်းလျှက် ဆမက်မြို့နယ်ရှိ Tesco Louts သို့ရောက်ရှိလာပြီး တမ်နက် သောင် -၅ ရွှေဆိုင်သို့ ဝင်ရောက် ကာ ဓားပြတိုက်ကာ ၅၃၅ ဘတ် အလေးချိန်ရှိ ဘတ် ၁၀သန်းတန် ရွှေထည်များကို ယူဆောင်၍ ဆိုင်ကယ် ၂စီးဖြင့် ထွက်ပြေးသွားခြင်းဖြစ်သည်။

ချွန်ဘူရီပြည်နယ် နယ်မြေ(၂) ရဲတပ်ဖွဲ့ အကြီးအကဲ ကျစ်တီ ရော့ဘန်ယန်က ယင်းဓားပြမှုနှင့် ပတ် သက်၍ ရဲတပ်ဖွဲ့က တရားခံများကို ရှာဖွေနေကြောင်း၊ ၎င်းတို့ ထွက်ပြေးရာလမ်းကြောင်းကို CCTV က မှတ်တမ်းတင်ထားသော်လည်း အသေးစိတ်ပြောဆိုခြင်းမရှိပေ။

Did you find apk for android? You can find new Free Android Games and apps.
Loading