အမေရိကန်အစိုးရ က ၎င်းတို့၏ တာဝန်ရှိသူများအနေဖြင့် ရခိုင်ပြည်နယ်သို့ ခရီးသွားလာခြင်းကို ယာယီဆိုင်းငံ လိုက်ကြောင်း ရန်ကုန်အခြေစိုက် အမေရိကန်သံရုံးက ယနေ့ ထုတ်ပြန်ကြောင်း Reuters သတင်းကဆိုသည်။
နိုင်ငံခြားရေး ရက်ဇ် တေလာဆန်က မြန်မာ့တပ်မတော်၏ ရခိုင်ပြည်နယ် မြောက်ပိုင်း စစ်ဆင်ရေး သည် ရိုဟင်ဂျာ ခေါ် ဘင်္ဂါလီများကို ရည်ရွယ်ပြီး “လူမျိုးစု သန့်စင်ရှင်းလင်းမှု” (အင်္ဂလိပ်လို Ethnic Cleansing) ဟု မနေ့က ပြောဆိုလိုက်ပြီးနောက် ထိုသို့ ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။
“အမေရိကန်ပြည်ထောင်စုသည် ထိုဖြစ်ရပ်အတွက် တာဝန်ရှိသူများကို ထို ချိုးဖောက်မှု စွပ်စွဲချက်များ အတွက် အလားအလာရှိသော ပစ်မှတ်ထား အရေးယူခြင်းအပါအဝင် အမေရိကန်တရားဥပဒေဖြင့် အရေးယူမည်”ဟုလည်း ရက်စ်တေလာဆန်၏ ကြေညာချက်တွင် ဖော်ပြပါရှိသည်။
အမေရိကန်အစိုးရသည် ဥပဒေပြု ကွန်ဂရက်၏ ဖိအားပေးမှုကို ခံနေရသောကြောင့် မြန်မာ့တပ်မတော်နှင့် အရပ်သားအစိုးရကို ဖိအားပေးရန် ၎င်းတို့ရပ်တည်ချက်ကို ယခုကဲ့သို့ ရွေးချယ်ခဲ့ခြင်းဖြစ်ပုံရသည်။
ပြီးခဲ့သည့် သြဂုတ်လ ၂၅ ရက်နေ့က ARSA ဆိုသည့် အကြမ်းဖက်အဖွဲ့က ရခိုင်ပြည်နယ် မြောက်ပိုင်း ရှိ အစိုးရ ကင်းစခန်းများကို တိုက်ခိုက်သည့် တပ်မတော် စစ်ဆင်ရေးများ ပြုလုပ်ရာ ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်သို့ ရိုဟင်ဂျာ ခေါ် ဘင်္ဂလီများ ထွက်ပြေးသွားခြင်းဖြစ်သည်။