သတင်းတို

သာပေါင်းမြို့နယ်တွင် အသက် ၁၅ ရက်အရွယ် တောဆင်ရိုင်းပေါက်တကောင်တွေ့ရှိ

Want create site? Find Free WordPress Themes and plugins.

ဧရာဝတီတိုင်းဒေသကြီး၊ သာပေါင်းမြို့နယ် တောင်ထန်းကျေးရွာအနီးရှိ ရေလိမ်မြောင်းအတွင်း ဆင်ရိုင်းအုပ်နှင့် ကွဲကွာလာသည့် အသက် ၁၅ ရက်သားအရွယ် တောဆင်ရိုင်း(အမ) တကောင်ကို သစ်တောဌာနနှင့် ရဲတပ်ဖွဲ့တာဝန်ရှိသူများက တွေ့ရှိရသည့်အတွက် ထိန်းသိမ်းစောင့်ရှောက် ထားကြောင်း သတင်းရရှိသည်။

ယမန်နေ့ နေ့လည် ၂ နာရီက တောင်ထန်းကျေးရွာ၊ ရေလိမ်တောရဘုန်းတော်ကြီးကျောင်း၌ သီတင်းသုံးနေသည့် ဆရာတော် ဦးစန္ဒာသီရိ၏ သတင်းပေးချက်အရ သာပေါင်းမြို့နယ် သစ်တောဦးစီးဌာနနှင့် ရဲတပ်ဖွဲ့တာဝန်ရှိသူများက ရှာဖွေခဲ့ရာ အသက် ၁၅ ရက်သားအရွယ် ဆင်ပေါက်တကောင်အား တွေ့ရှိခဲ့ကြောင်း၊ ထို့နောက် သာပေါင်းမြို့နယ် ဘုရားဦးပေါက် သစ်ထုတ်စခန်းသို့ ထော်လာဂျီဖြင့် သယ်ဆောင်ကာ သစ်တောဌာနမှ ထိန်းသိမ်းစောင့်ရှောက်ထား ကြောင်း သိရသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading